ငပလီမြို့တွင် မဟာဗောဓိပင် ( ဗုဒ္ဓဂါယာမှ မျိုးယူထားသော ညောင်ပင်)၏ အကိုင်းအခက်မှ ထူးဆန်းသော ဗုဒ္ဓဆင်းတုတော်ပုံစံ ထွက်ပေါ်

နေရာ > မြရတနာ ဘုန်းတော်ကြီးကျောင်းခြံဝန်းအတွင်း၊ မြပြင်ရပ်ကွက်၊ ငပလီမြို့ ငပလီမြို့တွင် မဟာဗောဓိပင် ( ဗုဒ္ဓဂါယာမှ မျိုးယူထားသော ညောင်ပင်)၏ အကိုင်းအခက်မှ ထူးဆန်းသော ဗုဒ္ဓဆင်းတုတော်ပုံစံ ထွက်ပေါ်နေသောကြောင့် မည်သူမဆို အလှည့်ကျစနစ်ဖြင့် နေ့စဉ်ဖူးမျှော်ခွင့်ပေးထားကြောင်း သိရပါတယ်….။နေ့ရောညပါ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမျာနှင့် စည်ကားသိုက်မြိုက်စွာ လာ‌ရောက်ဖူးမြော်နေကြောင်း သိရှိရပါတယ်…..။

Image may contain: food

Image may contain: 2 people, outdoor

ကျောင်းတိုက်အတွင်း မသံမစဲ မဟာပဠာန်းပူဇော်ပွဲ စတင်ကျင်းပသည့်နေ့နှင့် ကျေးဇူးတော်ရှင် မြရတနာကျောင်းတိုက်ဆရာတော်ဘုရားကြီး၏ သက်တော်ကိုးဆယ့်သုံးနှစ်မြောက် နေ့တွင်မှ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်…။မသိရှိသေးသူများ သိရှိစေရန် ၊ မဖူးမြော်ရသူများ ဖူးမြော်စေရန် ပြန်လည်၍ တင်ပြအပ်ပါသည်။ပြန်လည် ရှဲလ်ခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါစေ…..။