လာခိုးမယ်ဆိုလို့ အထုပ်ပြင်ထားပေမယ့် ခိုးရာမလိုက် လိုက်ရတဲ့ ဖြူဖြူကျော်သိန်းရဲ့ အဖြစ်

အဆိုတော်ဖြူဖြူကျော်သိန်းဆိုတာကတော့ ဝတ်စုံဒီဇိုင်းအထူးအဆန်းတွေ ဆံပင်ပုံအထူးအဆန်းတွေနဲ့ နာမည်ကျော်ကြားလူသိများလာသူတစ်ဦးဖြစ်ပြီး သူမရဲ့ ထူးခြားတဲ့ အသံကြောင့်လည်း ပရိသတ်အသည်းစွဲ အဆိုတော်တစ်ဦးဖြစ်နေတာပါ။

Image may contain: 1 person, on stage, standing, dancing and pool

Image may contain: 1 person
အခုလည်း သူမက “မနေ့ညကလာခိုးမယ်ဆိုလို့ အထုပ်တောင်ပြင်ထားသေးတယ်၊ မြန်မာအိုင်ဒေါလ်မှာ ဒီတပတ်ဝတ်မယ့် ဝတ်စုံတွေတောင်ပါသေး၊ ဒါပေမယ့် မနက်သာလင်းသွားတယ်၊ လာခိုးမခိုး မသိလိုက်ဘူး၊ ခေးအိပ်ပျော်သွားလို့ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်မှာ တင်လိုက်တာပါ။

Image may contain: 1 person

Image may contain: 1 person, indoor
သူမက ဆောရီးညော်၊ နောက်နှစ်ပေါ့ လို့လည်း အပြောင်အပြက်လေး ပြောထားပါသေးတယ်။ ဖြူဖြူရေ ဖြစ်မှဖြစ်ရလေနော်။ ဖြူဖြူကျော်သိန်းဟာဆိုရင် အခုအချိန်အထိ အပျိုကြီးဘဝမှာ ပျော်ရွှင်နေဆဲဖြစ်ပြီး သူမဘဝအတွက် သူမတကယ်ချစ်ရမယ့်သူကို မတွေ့သေးတာလို့ ယူဆရပါတယ်။

Image may contain: 1 person, phone and indoor

Image may contain: 1 person, smiling, sitting, guitar and indoor

မကြာသေးခင်ကလည်း ဖြူဖြူနဲ့ Project K အဖွဲ့သားတစ်ဦး ချစ်ကြိုက်နေကြပြီဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ဒီသတင်းအပေါ် ဖြူဖြူရော Project K အဖွဲ့သား အကနဲ့ အဆိုတော် မောင်လေးကပါ အတည်ပြုခဲ့ခြင်း မရှိကြပါဘူး။ ဖြူဖြူကျော်သိန်းဟာ လက်ရှိမှာ Myanmar Idol ရဲ့ နာမည်ကျော်ဒိုင်တစ်ဦးဖြစ်ပြီး သူမရဲ့ ဖက်ရှင်တွေကလည်း လတ်တလော လူပြောများနေသူလည်း ဖြစ်ပါတယ်။

Image may contain: 1 person, standing and indoor

Image may contain: 1 person, standing
ကဲ ဖြူဖြူကတော့ ခိုးရာလိုက်ဖို့ အထုပ်တောင်ပြင်ထားတာတဲ့နော်၊ ဖြူဖြူ့ကို နောက်နှစ်ကျရင် ခိုးမယ့်သူလေးက ဘယ်သူဖြစ်မလဲ၊ စိတ်ဝင်စားစရာပါပဲ။

Image may contain: 1 person, closeup
Credit-Cele Star