လတ်တလော နာမည်ကြီးနေတဲ့ “ကိုရေ ဘာတွေလဲ” သီချင်းကို ထိထိမိမိ ဝေဖန်လိုက်တဲ့ ဦးကောင်းကျော်

ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် ပရိသတ်တွေကို ဖျော်ဖြေခဲ့တဲ့ ဟာသလူရွှင်တော်ကြီး ဉီးကောင်းကျော်ကတော့ သူကျင်လည်ခဲ့တဲ့ အနုပညာလောကကို အကောင်းဆုံးဖြစ်စေချင်သူ တစ်ဉီးပါ။ လတ်တလောမှာတော့ ဉီးကောင်းကျော်က လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ကိုရေ ဘာတွေလဲ ဆိုတဲ့သီချင်းဗီဒီယိုကို ထိရောက်စွာ ဝေဖန်လိုက်တာ တွေ့ရပါတယ်။ စကားပြောရင် အရမ်းထိမိတဲ့ ဉီးကောင်းကျော်ကတော့ ခပ်ကြမ်းကြမ်း အချစ်ဇာတ်ဝင်ခန်းတွေ ပါဝင်တဲ့ အဆိုပါသီချင်းဗီဒီယိုကို ပညာသားပါပါနဲ့ ထိထိမိမိ ဝေဖန်လိုက်တာပါနော်။

ချစ်ပရိသတ်တွေအတွက် ခပ်ကြမ်းကြမ်း သရုပ်ဆောင်မှုတွေပါဝင်နေတဲ့ သီချင်းဗီဒီယိုအပေါ် ဝေဖန်လိုက်တဲ့ ဉီးကောင်းကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကောင်းကျော်ကတော့ “ကို ရေ ဘာတွေလဲ ????? facebook ပေါ်မှာ မြင်လိုက်ရတဲ့ ဤကဲ့သို့ အမြင်မတင့်သည့် ပုံများကိုတွေ့လိုက်ရတော့ ဘာတြွေဖစ်ကြတာပါလိမ့်ပေါ့ နော် ?????ထင်လိုက်တာက လက်စွမ်းထက်လှတဲ့မြန်မာချောင်းရိုက် ကင်မရာမင်းများရဲ့လက်စွမ်းပြကွက်တွေထဲ ထိုသူတော့မိသွားပြီ မှတ်လိုက်တာ ပေါ့ ????မိတ်ဆွေတစ်ယောက်က cbကနေ သီချင်းဖိုင်လေး ပို့ပေးလို့ ဘာပါလိမ့် ဆိုပြီး ဖွင့်ကြည့်လိုက်တော့မှ အော်ဒီလို ကိုး ဆိုတာသိလိုက်ရတယ်လေ??သီချင်းဖိုင်လေးကို စဖွင့်လိုက်တာနဲ့ဦးဆုံးအထင်ကြီးလေးစားသွာတာက အဆိုတော် မမ ????တေးရေး ​တေးဆို အဆိုတော် ဒါရိုက်တာ ဆိုတော့ လေးစားပြီလေ??ဒီခေတ်မှာ ဒီလိုအရည်အချင်းမျိုးရှိတဲ့ အမျိုးသမီး အနုပညာရှင်ဆိုတာရှားပါးသွားပြီ ဒီတော့ သေချာကြည့်ရှု့ခံစား မိသည်ပေါ့ ???


?တေးစာသား ********* (မှတ်သားထိုက်သည် ဂန္တဝင်မြောက်စာသားများ ။)တေးဆိုသူ(မထူးခြားသော အသံပါရမီရှင်မျိုး)သရုပ်ဆောင်(ဟိုးရှေ့က စီနီယာ အဆိုတော် သရုပ်ဆောင်မမ များ လုံးဝမလုပ်နိုင်ခဲ့တဲ့ လွန်စွာအသက်ပါတဲ့ သရုပ်ဆောင်မှုများ)ဒါရိုက်တာ ( အခုခေတ် နာမည်ကြီးနေတဲ့ mtvလူငယ်ဒါရိုက်တာတွေ မြောင်းထဲရောက်သွားလောက် ထူးခြားစွမ်းအားကြီးသည့် နောက်ဆုံးပေါ် အထူးပြုလုပ်ချက် ပါဝင်တဲ့ ရိုက်ချက်တွေနဲ့)ဆိုမှတော့ဒီသီချင်း mtvက အကုန်လုံးပေါက်ပြီပေါ့ ဗျာ ဒါကြောင့်လဲ လျပ်တစ်ပျက်အတွင်မှာ ဒီလောက်ကျော်ကြားသွားတာနေမှာပေါ့ ဘာဘဲဖြစ်ဖြစ် ဒီသီချင်းဖြစ်မြောက်အောင် ပူပေါင်းပါဝင်ပေးကြသည့် သရုပ်ဆောင် ဒါရိုက်တာ တေးရေး တေးဆို များအားလုံးကို လေးစားအားကျမိတယ်?? မောင်နဲ့နှမ သားနဲ့အမိမိသားစု တွေ မျက်စိမဖွင့်ရဲလောက်အောင် ကောင်းလွန်းတဲ့ နောင်လာမည့်မျိုးဆက်သစ် များအတွက် ဂန္တဝင်မြောက် သီချင်းတစ်ပုဒ်ကို ဂုဏ်ပြုမှတ်တမ်းတင်ပါသည်ဗျာ ?????(သီချင်းဖိုင်ကတော့ ကြော်ငြာပေးသလိုဖြစ်မှာစိုးလို့ မတင်ပေးတော့ပါ)ကိုင်း ဘယ်လိုလုပ်ကြမလဲ ဗျာ ???ကောင်းကျော်” ဆိုပြီး လတ်တလော နာမည်ကြီးနေတဲ့ ကိုရေ ဘာတွေလဲ သီချင်းကို ဝေဖန်ထားတာပါ။


ချစ်​ပရိသတ်​တွေလည်း ခပ်ကြမ်းကြမ်း အချစ်ဇာတ်ဝင်ခန်းတွေပါလို့ နာမည်ကြီးနေတဲ့ “ကိုရေ ဘာတွေလဲ” သီချင်းကို ထိထိမိမိ ဝေဖန်လိုက်တဲ့ ဉီးကောင်းကျော်ရဲ့အမြင်ကို ဘယ်လိုသဘောရလဲဆိုတာ ပြောသွားခဲ့ပါဉီးနော်။

Credit-မိုမိုလေး