ပိုင်ဇေရဲထွန်းဖခင်ရဲ့ စေခိုင်းချက်ကြောင့် လုပ်ခဲ့ရတာဖြစ်ကြောင်း ဖြေရှင်းလိုက်တဲ့ အမှုဖွင့်တိုင်ကြားခံထားရတဲ့ ပိုင်ဇေရဲထွန်းရဲ့ အဒေါ်

ချောယဉ်မင်းအကောင့်ပိုင်ရှင်ဖြစ်သူ ပိုင်ဇေရဲထွန်းရဲ့ အဒေါ်ကတော့ ယခုလက်ရှိမှာ တူဖြစ်သူ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံရဲ့ အမှုဖွင့်တိုင်ကြားခြင်းကို ခံထားရတာဖြစ်ပါတယ်။ အကြောင်းကတော့ ပိုင်ဇေရဲထွန်းနှင့် ဇနီးဖြစ်သူ ဇင်သဲနိုင်တို့အား ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ရေးသားထားသောကြောင့် ဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်းရဲ့ ဖခင်ဖြစ်သူ ဦးရဲထွန်းက သူတို့လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ်နှင့်ခြံကို ပေါင်နှံထားခြင်းကြောင့်လည်းကောင်း၊ ပြန်လည်မရွေးပေးသေးတဲ့အတွက် ကမ္ဘောဇဘဏ်မှ တရားစွဲဆိုမှုကို ခံနေရတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြရာမှ ဦးရဲထွန်းရဲ့ ညီမဖြစ်သူ ချောယဉ်မင်းအကောင့်ပိုင်ရှင် ဒေါ်ခင်ဆွေထွန်းမှလည်း ပိုင်ဇေရဲထွန်းနှင့် ဇနီးဖြစ်သူဇင်သဲနိုင်တို့ရဲ့ငွေရေးကြေးရေးအကြောင်းတွေကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် ပိုင်ဇေရဲထွန်းမှ သူနှင့်ဇနီးဖြစ်သူ ဇင်သဲနိုင်တို့ ဂုဏ်သိက္ခာကျဆင်းစေမှုအတွက် အဒေါ်ဖြစ်သူဒေါ်ခင်ဆွေထွန်းကို အမှုဖွင့်တိုင်ကြားလိုက်တာဖြစ်ပါတယ်။ ချောယဉ်မင်းဖေ့ဘုတ်အကောင့်ပိုင်ရှင် ဒေါ်ခင်ဆွေထွန်းကတော့ ဒါတွေဟာ အကိုဖြစ်သူ ဦးရဲထွန်းရဲ့ စေခိုင်းချက်တွေကြောင့် လုပ်ခဲ့တာဖြစ်ကြောင်း ယခုလိုပြန်လည်ဖြေရှင်းလိုက်ပါတယ်။

“အကုန် အကိုအကူအညီတောင်းခဲ့တာပါ။ အကိုချွေးမငယ် ပြန်စော်ကား ရင့်သီးတဲ့postတင်လို့ ကျေးဇူးရှိမှကျေးမစွပ်ဘို့ ဆိုတာလဲ တိုင်းသိပြည်သိ အကုန်ရေးကြတာဘဲ။ ခုမှ နင်ရှင်းလိုက်ပေါ့..ဆိုတော့အကိုခိုင်းခဲ့တုံးက အကူအညီတောင်းတဲ့သူတွေကို ဘာမှကာကွယ် ပေးဘို့ ဂရုမစိုက်ခဲ့တာသိလိုက်ရတယိ။ ဖြစ်လာမဲ့အကျိုးဆက် ကောင်းတာငါယူမယ် ဆိုးတာ နင်ခံ ဆိုလဲရပါတယ်။ ကိုယ့်ဘာကိုယ်နေနေတာ အကိုခိုင်းသမျှလုပ်ပေးခဲ့ရတာပါ။ အကို့ ပို့စ် ကစလာတဲ့အကျိုးဆက်တွေပါအကြောင်းကြောင့်အကျိုးဖြစ်လာတယ်ဆိုတာတော့ သိထားစေလိုပါတယ်။ အားလုံးလက်ခံတယ်၊တိုင်းသိပြည်သိရှင်းကြတာပေါ့။”

Credit- CeleFamily