သားလေးရဲ့မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ကာချစ်မဝဖြစ်နေတဲ့ ယွန်းဝတီလွင်မိုး

နုပညာရှင်များသာမက ပရိသတ်တွေအားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကိုတစ်ပွေ့တစ်ပိုက်ကြီးရရှိထားသူကတော့ ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်ပါ။ သားလေးဟာ တစ်နေ့ထက်တစ်နေ့ပိုပိုချစ်ဖိျု့ကာင်းလာပြီး ဖိုးဖိုး၊ဖွားဖွားတွေရဲ့အသည်းကျော်လေးဖြစ်နေတာပါ။ သားလေးရဲ့လှုပ်ရှားမှုတွေကို မကြာခဏတင်ပေးလေ့ရှိတာပါ။

လတ်တလောမှာ ဖေဖေနဲ့မေမေ မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့အတွက် ကြည်နူးစရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကို လူမှုကွန်ယက်မှတစ်ဆင့် ဝေမျှပေးနေတာပါ။ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံဟာလည်း အားလပ်ချိန်တိုင်းသားလေးကို အချိန်ပြည့်အနးမှာနေပေးနေတာပါ၊ ပရိသတ်တွေကလည်း သူတို့မိသားစုလေးကိုကြည့်ပြီး ချစ်ခင်အားကျနေတာပါ။

အခုမှာလည်း သားလေးကိုချီထားတဲ့ယွန်းဝတီလွင်မိုးရဲ့ပုံရိပ်လေးကို သူမရဲ့မိခင် မေသူရဲ့Instagram လူမှုကွန်ယက်မှာဝေမျှထားတာပါ။ ခေးလေးဟာ သားလေးရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ကာ ချစ်မဝဖြစ်နေလွန်းတာပါ။ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးနဲ့လီလီလုံးလေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။