နာရေးကားမောင်းသူကို မျက်ရည် မဆည်နိုင်ဖြစ်စေခဲ့တဲ့ သမီးလေးရဲ့ နောက်ဆုံးခရီး

ကားသမားဘဝမှာ မန္တလေးမြို့အိမ်တော်ရာဘုရားမြောက်ဖက်ရှိသာသနာ့ပါလလူမူ့ကူညီရေးအသင်းကြီးနှင့် ပထမဦးဆုံးကိုယ်တိုင်မောင်းရသော လမ်းကြောင်းကုသိုလ် အေးရိပ်ငြိမ်သုဿန်ကလေးအဖေနှင့်အမေမှအသက်တစ်နှစ်အရွယ်ရှိသွေးလွန်တုပ်ကွေးဖြင့်ကွယ်လွန်သွားသောသမီး(မထက်ဒေဝီ)လေးအားပွေ့ချီပီးကားခေါင်းခန်းထဲတွင်ထိုင်လိုက်ရင်းပို့ဆောင်မောင်းနှင်ပေးရသောပထမဆုံးအတွေ့အကြုံ ကားမောင်းရင်းမျက်ရည်ကျရတယ်???

Image may contain: 1 person, outdoor

Image may contain: 1 person, sitting

မိဘမေတ္တာတရားဟာမိခင်ဝမ်းဗိုက်ထဲမှစပီးအပြင်ရောက်လာသည်အထိဘယ်အသက်ဘယ်အရွယ်ရောက်ရောက်သားသမီးဆိုတာရတနာတပါးပါပဲ???အချိန်ရှိတုန်းမိဘကျေးဇူးဆပ်နိုင်ကြပါစေ???

Image may contain: 2 people

Image may contain: one or more people

Image may contain: 7 people, people standing and outdoor

Credit-Ko Nyein

Image may contain: 2 people

ဖြစ်စဉ်မှာ

ဘဝဆက်တိုင်းဆက်တိုင်း မသူတော်ဆရာဝန်များနဲ့ မကြုံရပါစေနဲ့ သွေးလွန်တုပ်ကွေးမှန်းသိရက်နဲ့ ဘယ့်နယ့်ညနေ ၃ နာရီက အပြင်ဆေးခန်းကိုတင်ခိုင်းပီး တင်ခိုင်းတဲ့ဆရာဝန်မကြီးမနက်ထိမလာပါ ဘာပုလင်းမှလဲလာမချိတ်

Image may contain: 1 person, sitting

ကိုယ်တွေနားမလည်တဲ့သူတောင် သွေးလွန်တုတ်ကွေးဖြစ်ပီးဆိုရင် ဆေးပုလင်း ၆ လုံးချိတ်ရမှာ လုံးဝလာမစမ်း မြေးမကတကိုယ်လုံးအေးစက်နေတော့ အပြင်ကအစောင့်တွေထွက်ပြရတယ်လေ အယ့်ကျမှဆရာဝန်မကြီးကိုလှမ်းခေါ်ပေးတော့ ဆရာဝန်မကြီးကလာတော့သွေးလွန်နေဘီတဲ့

Image may contain: 1 person, smiling

အဲ့ဒိတော့ကုတင် ၃၀၀ သွားမလား ၅၅၀ သွားမလားတဲ့ ပထမဆုံးဒီဆရာဝန်မကြီးဘာလုပ်နေလဲသူကြောင့် ပြောင်းလိုက်တဲ့ဆေးရုံရောက်ပြန်တော့ ခါကြီးရက်ကြီးမို့ဆရာဝန်ကြီးတွေတယောက်မှမရှိပါတဲ့ ရှိတဲ့ဆရာဝန်တွေဆရာမတွေကလဲ ဘာတွေလုပ်မှန်းမသိဆေးချိတ်တော့အဖွားကပြောတယ် မြန်နေတယ်ဆရာမဆိုတော့ မမြန်ဘူးတဲ့ အယ့်ဒီမှာအသည်းကကြီးလာပါလေရော အသည်းကကြီးလို့အောက်စီဂျင်ပေးပြန်ရော ပေးပြန်တော့နှလုံးခုန်တွေမြန်လာပါရော သွေးကြောရှာမရလို့တဲ့မမြင်ရက်စရာ ဆီးမသွားလို့ဆီးပိုက်ထိုးပြန်ရော ဒီကလေးဘယ်ခံနိုင်တော့မလဲ နီးစပ်တဲ့ကလေးဆရာဝန်ကြီးတွေနဲ့လှမ်းဆက်သွယ်တော့ ICU တော့ပြောင်းလိုက်ရပါဘီ ဒါပေမဲ့သူတို့လက်တည့်စမ်းတာမှသတိမရှိတော့တဲ့ ကလေးကိုဆီးပိုက်ထပ်ထိုးတယ် ကလေးကမလှုပ်တော့ဘူး ဒါကိုမလှုပ်နိုင်တဲ့ကလေးကို ဂန်းနဲ့ဒူးဂေါင်းရိုး ထပ်ဖောက်တယ် ချင်းဆီစမ်းဖို့တဲ့ အဲဒီမှာကလေးကကျောက်ကပ်ပါပျက်စီးသွားဘီ အာ့ဒါကိုကျောက်ကပ်ဆေးအုံးမလို့တဲ့ အံ့ရော အံ့ရော အံ့ရော သနားစရာအကောင်းဆုံးကသတိမရတချက်ရတချက်ကို သူ့အမေမျက်နှာလေးကြည့်ပီးဘာလုပ်ပြသလဲ သူ့အမေကိုအိမ်ပြန်ချင်တဲ့အရိပ်အယောင်လေးပြတော့ အေးအိမ်ပြန်မယ်ဆိုပီးပြောတော့ကလေးအဖွားလဲမြင်ရော မျက်ရည်လေးတဖက်ကျပီးဆုံးသွားရှာတယ် ၁၁ လမြေးမလေးရေ ဘဝဆက်တိုင်းဆက်တိုင်း ဒီအဖြစ်တွေမကြုံရပါစေနဲ့ ဆရာဝန်တိုင်းလူနာအသက်တချောင်း တန်ဘိုးထားနိုင်ကြပါစေ သူငယ်ချင်းလေးဖြူ့မြေးမလေး မမေ့နိုင်တဲ့နေ့စွဲ 11-11-19

Credit-Original Writer