မေမေလင်းဇာနည်ဇော်ကို အလွမ်းကြီးလွမ်းနေတယ်ဆိုတဲ့ မြူလင်းကိုကို

လင်းဇာနည်ဇော်ကတော့ အနုပညာလောကမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားပြီးဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။အခုချိန်ထိ နုပျိုလှပမှုတွေကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာလည်း ချစ်စရာကောင်းလှတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

လင်းဇာနည်ဇော်ရဲ့ သမီးလေးဖြစ်တဲ့ မြူလင်းကိုကိုဟာဆိုရင် ချစ်စရာကောင်းလှတဲ့အပြင် ထူးချွန်ထက်မြတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။မိဘအပေါ်သိတတ်လိမ္မာပြီး ကိုရီးယားမလေးတွေလို ချစ်စရာကောင်းတဲ့ သမီးလေး မြူလင်းကိုကိုကတော့ သြစတေးလျနိုင်ငံမှာ သွားရောက်ပညာသင်ကြားနေပါတယ်။မြူလင်းကိုကိုရဲ့ အလှကြောင့် လင်းဇာနည်ဇော်ကို ယောက္ခမကြီးလို့လည်း ယောက်ျားလေးပရိသတ်တွေရဲ့ စနောက်ခေါ်ဝေါ်ခြင်းက်ု ခံနေရပါသေးတယ်။

မြူလင်းကိုကိုကတော့ သူရဲ့တနေ့တာလုပ်ရှားမှုတွေကို ချစ်ပရိသတ်တွေအတွက် အမြဲ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်လေးရှိပြီး လက်ရှိမှာတော့ ပရိသတ်ကြီးရေ မေမေလင်ဇာနည်ဇော်ကို အလွမ်းကြီးလွမ်းနေတဲ့အကြောင်းကို “Miss you Mum” ဆိုပြီး သူတို့သားအမိ(၂)ယောက်ပုံရိပ်လေးကို မျှဝေထားပါတယ်။