ပရိသတ်တွေ အံ့အားသင့်သွားအောင် Pre Wedding ပုံလေးတွေတင်လိုက်တဲ့ လူပျိုကြီး ခန့်စည်သူ

ခန့်စည်သူဟာ သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ‘’မေတ္တာသိင်္ဂဟ’’ အသင်းကြီးကို ဦးဆောင်ပြီး ပရဟိတအလုပ်တွေလုပ်ဆောင်နေတာ တွေ့ရပါတယ်။

သရုပ်ဆောင်ခန့်စည်သူကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် တည်ငြိမ်သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်ပြီး အိမ်ထောင်ရေး ဇာတ်ကားတွေ အရိုက်များဖြစ်နေတဲ့အကြောင်းကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

ဒီနေ့မှာတော့ ခန့်စည်သူဟာ ပရိသတ်တွေ ကို အံ့သြသွားအောင် Surprise လုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ pre wedding ပုံလေးတွေကို တင်ခဲ့တာပဲဖြစ်ပါတယ်။ ခန့်စည်သူကတော့ “Today… That’s the way..” ဆိုပြီးတင်ခဲတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Congratulaions လုပ်ကြပေမယ့် ခန့်စည်သူကတော့ သတိုးသမီးလေးရဲ့ မျက်နှာကိုမပြပဲဖုံးထားတဲ့ပုံလေးတင်ခဲ့တာပဲဖြစ်ပါတယ်။

Image may contain: 1 person, smiling, wedding