ဘဘဘိုကလေးတင့်အောင် ကိုယ်တိုင်ကတောင် ချီးကျူးတာကိုခံခဲ့ရတဲ့ အေးမြဖြူရဲ့ မြန်မာသံသီဆိုမှု

လတ်တလော ကျင်းပြုလုပ်နေတဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူရဲ့ မြန်မာသံစဉ်သီဆိုမှုကတော့ ဘဘ ဘိုကလေးတင့်အောင်ရဲ့ ချီးကျူးမှုကို ရရှိထားတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ မြန်မာ အိုင်ဒေါ သုံးပတ်မြောက် သီဆိုယှဉ်ပြိုင်မှုမှာလည်း အေးမြဖြူက သရုပ်ဆောင် အဆိုတော် ချိုပြုံးရဲ့ နာမည်ကျော်လူကြိုက်များခဲ့တဲ့သီချင်းတွေထဲကတစ်ပုဒ်ဖြစ်တဲ့ “တက္ကသိုလ်ကျောင်းက ငွေလမင်း” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပြီး ပိုင်နိုင်လှတဲ့ မြန်မာသံသီဆိုမှုတွေကြောင့် ဒိုင်တွေနဲ့ ပရိသတ်တွေက အံ့အားသင့်ခဲ့ရပါသေးတယ်။

အေးမြဖြူဟာ အမျိုးအစားမျိုးစုံသော သီချင်းတွေကို အကောင်းမွန်ဆုံးသီဆိုနိုင်တဲ့ ပါရမီရှင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ မြန်မာသံသီဆိုမှုကိုတော့ ဘဘ ဘိုကလေးတင့်အောင်ကိုယ်တိုင်ကတောင် အလွန်ကောင်းမွန်ပိုင်နိုင်တယ်လို့မှတ်ချက်ပေးခံထားရတာပါ။မြန်မာနိုင်ငံရဲ့ ဂန္တဝင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “အလေးပြုပါတယ်” သီချင်းကို သီဆိုပြခဲ့တဲ့အပေါ်တိကျသေချာတဲ့ အဖြတ်အတောက် အတက်အကျနဲ့ သီဆိုနိုင်မှုကို ဘဘ ဘိုကလေးတင့်အောင်က ချီးမွမ်းထားတာလည်းဖြစ်ပါတယ်။

အေးမြဖြူဟာ ငယ်စဉ်ကတည်းက သီချင်းဆိုပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး လက်ရှိမြန်မာအိုင်ဒေါ ပြိုင်ပွဲမှာလည်း အသက်အငယ်ဆုံးပြိုင်ပွဲဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဘဘဘိုကလေးတင့်အောင်ကိုယ်တိုင်ချီးကျူးရတဲ့ အေးမြဖြူရဲ့ “အလေးပြုပါတယ်” သီချင်းကို သီဆိုနေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Image may contain: 1 person, smiling, standing and text