ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားရတဲ့ မိတ်ကပ်လင်းလင်းတို့ ချစ်သူစုံတွဲဓာတ်ပုံ

မိတ်ကပ်လင်းလင်းဟာဆိုရင် LGBT တွေထဲမှာအချောဆုံးတွေထဲတစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြုမှုကိုရထားပြီး ပရိသတ်တွေချစ်တာလည်းခံရတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ လင်းလင်းက မိတ်ကပ်ပညာရှင်ဖြစ်ရုံတင်မကပဲ ကျားကျားကြိုက်ကြိုက်ဇာတ်ကားကြီးမှာမင်းသမီးတစ်လက်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အခုလည်းပဲ လင်းလင်းက သုသုတို့နဲ့အတူတူ နောက်ထပ်ဇာတ်ကားကြီးထပ်ရိုက်ဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။

တကယ့်မိန်းကလေးတွေတောင်ထိုင်ငိုသွားရလောက်အောင် မိန်းမဆန်ပြီးအလွန်ချောမောလှပတဲ့လင်းလင်းကိုချစ်ချင်သူတွေကလည်း ဝိုင်းဝိုင်းလည်နေမှာအသေအချာဖြစ်ပြီး ပရိသတ်တွေက လင်းလင်းရဲ့အချစ်ကိုပိုင်ဆိုင်ရသူဘယ်သူဖြစ်မလဲဆိုတာ သိချင်နေကြတာလည်းဖြစ်ပါတယ်။ဒါပေမယ့် လင်းလင်းကတော့ သူမရဲ့ ချစ်သူကို ပရိသတ်တွေကို ထုတ်ပြခြင်းမရှိပဲ သိုသိပ်စွာပဲ အေးချမ်းတဲ့အချစ်ရေးလေးတည်ဆောက်ထားခဲ့တာပါ။

လင်းလင်းရဲ့ချစ်သူကိုသိချင်နေကြတဲ့ပရိသတ်ကြီးအတွက် ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတဲ့ ဓာတ်ပုံတစ်ပုံကတော့ မကြာသေးမီက ပရိသတ်တွေကြားမှာပျံ့နံ့လာခဲ့ပါတယ်။ အဲဒီဓာတ်ပုံကတော့ လင်းလင်းရဲ့ချစ်သူစုံတွဲပုံလို့ယူဆရတဲ့ ဓာတ်ပုံတစ်ပုံပါ။ အဲဒီဓာတ်ပုံထဲမှာလင်းလင်းက ရုပ်ဖြောင့်ဖြောင့်နဲ့ အမျိုးသားတစ်ဦးနဲ့ လက်ချင်းဆုပ်ကိုင်ထားပြီး နှစ်ယောက်စလုံးက ပျော်ရွှင်ကြည်နူးနေတဲ့ အရိပ်အယောင်လေးတွေတွေ့ရပါတယ်။ အဲဒီဓာတ်ပုံလေးက ပရိသတ်တွေကြားမှာတမုဟုတ်ချင်းပျံ့နှံ့သွားပြီးအရမ်းချောတဲ့ ကောင်လေးနဲ့ ချစ်သူဖြစ်နေတဲ့ လင်းလင်းကိုပရိသတ်တွေကအားကျနေကြသလို အစစ်မတွေထိုင်ငိုပြီလို့ ပြောနေကြတာတွေလည်းတွေ့ရပါတယ်။

ပရိသတ်ကြီးအတွက် လင်းလင်းတို့ရဲ့ စုံတွဲဓာတ်ပုံလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော အဲဒီပုံထဲက အမျိုးသားဟာ တကယ်ပဲလင်းလင်းရဲ့ ချစ်သူလို့ထင်လား။ ဒါမှမဟုတ် အခြားပတ်သက်မှုတစ်ခုခုဖြစ်နိုင်မလား။ ထင်မြင်ချက်လေးတွေဝေမျှခဲ့ကြပါဦး။

Credit-နာမည်ကြီး