ရသမျှ ပိုက်ဆံအကုန် ရွှေမှုံရတီကို ပြန်အပ်ရတဲ့ ရွှေထူး

အိမ်ထောင်သက်တမ်းတစ်နှစ်ကျော်ရှိပြီဖြစ်တဲ့ရွှေထူးကတော့ ဇနီးဖြစ်သူ ရွှေမှုံရတီ ကို ရသမျှပိုက်ဆံ အကုန်ပြန်အပ်နေရတာပဲလို့ သူရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ပြောပြလာပါတယ်။ဇနီးဖြစ်သူရွှေမှုံရတီ ကို ရသမျှ အနုပညာကြေးတွေ အပ်ဖြစ်သလို ဘယ်အရာမဆို ဦးစားပေးဖြစ်နေတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတေးသံရှင်ရွှေထူး ကပြောပါတယ်။

Image may contain: 2 people, people standing

“အိမ်ထောင်သည်ဖြစ်လာတော့ ကျွန်တော်လည်းအများကြီးသုံးစရာမရှိဘူးဆိုတော့ ကျွန်တော့်အတွက်ပိုက်ဆံကလည်းသိပ်မကုန်ဘူး။ ကျွန်တော်ရှာတဲ့ပိုက်ဆံက ကျွန်တော့်မိသားစုနှစ်ဖက်မိဘတွေကိုပေးတယ်။ ပြီးရင်ကျွန်တော်တို့လင်မယားနှစ်ယောက်အတွက်ထားတယ် ။ကျန်တာကကျွန်တော့်အတွက် သိပ်သုံးစရာမရှိဘူး။ အ၀တ်အစားကလည်း လူပျိုဘ၀ကတော့ စိတ်ထဲရှိတာ လျှောက်ဝယ်ဖြစ်တယ် ။အိမ်ထောင်ကျသွားတော့ သူဝယ်ပေးတာ သူဆင်ပေးတာလေးတွေပဲဝတ်ဖြစ်တော့တယ်။ အရာအားလုံးက မိန်မိန်းပါပဲ” လို့ရွှေထူးကပြောပါတယ်။

Image may contain: 2 people, people smiling, closeup

ရွှေထူးကတော့ သူ့ရဲ့ဇနီးရွှေမှုန်ရတီရဲ့နာမည်ကို သူရဲ့သီချင်းသစ်ထဲမှာ ထည့်ဆိုထားခဲ့တာဖြစ်ပြီး သီချင်းထဲမှာကောင်မလေးတစ်ယောက်နာမည် ထည့်ဆိုရမယ်ဆိုတော့ သူ့ဇနီးလေးရဲ့နာမည်ကိုပဲ ထည့်ဆိုချင်သလို ရွှေမှုံရတီကလည်း သူ့နာမည်မထည့်ရင်ရိုက်မှာ ဆိုပြီး ထည့်ဆိုဖြစ်ခဲ့တာလို့ သိရပါတယ်။

Image may contain: 1 person, standing, tree, outdoor and nature

အခုလက်ရှိမှာဆိုရင်တော့ Single Song တွေကို Online မှာဆက်တိုက်တင်ပေးဖြစ်နေတာဖြစ်သလို နိုဝင်ဘာလကုန်လောက်မှာတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ အမုန်းမေဆိုတဲ့သီချင်းရဲ့ MTV လေးကို ပရိသတ်တွေဆီဖြန့်ချိပေးမှာ ဖြစ်တယ်လို့လည်းပြောပြခဲ့ပါတယ်။

Image may contain: 2 people, people smiling, people standing and wedding

Credit-အကုန်သိ