နောက်အပတ်ကို မြန်မာအိုင်ဒေါကနေ သူထွက်ရတော့မှာပါလို့ ပရိသတ်ကို ပြောလာတဲ့ မူးလာ

Myanmar Idol Season (4) ကတော့ ပရိသတ်တွေရဲ့ Voting စနစ်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပြိုင်ပွဲဝင်တွေ ထွက်ခွာခဲ့ရပါတယ် သုံးပတ်မြောက် မှာတော့ နေလင်းကျော် နဲ့ နှင်းအိအိဝင်းတို့က ပြိုင်ပွဲမှ နှုတ်ဆက်သွားခဲ့ရပါတယ် ပြိုင်ပွဲဝင်တိုင်းက ကိုယ်စီကိုယ်စီ သာလွန်တဲ့ အရည်းအချင်းတွေ ပြည့်ဝနေသူတွေပဲဖြစ်ပါတယ်.။တစ်ဦးချင်းစီတိုင်းမှာ အာမခံပရိသတ်တွေကို ရရှိနေပြီပဲဖြစ်ပါတယ်..။

ပြိုင်ပွဲကျင်းပပြီးနောက် ပြိုင်ပွဲဝင်တွေက ပရိသတ်နဲ့ ရင်းရင်းနှီးနှီး Liveလွှင့်ပြီး စကားတွေပြောခဲ့ကြပါတယ်.။ Live လွှင့်နေစဉ်မှာပဲ မူးလာ ကတော့ နောက်တစ်ပတ်ပြိုင်ပွဲမှာ သူထွက်ရတော့မှာပါဆိုပြီး ပရိသတ်တွေကို ဟာသနှောပြီးပြောခဲ့ပါတယ်နေလင်းကျော်နဲ့ မူးလာတို့က အပြင်မှာလဲ သူငယ်ချင်းတွေဖြစ်ကြပြီး ပြိုင်ပွဲဝင်တော့လည်း အတူတူပြိုင်ဖြစ်မယ်မထင်ဘဲ ရှေ့ဆင့်နောက်ဆင့်နဲ့ ပြိုင်ခဲ့ကြတာပါလို မူးလာက ပြောခဲ့ပါတယ်…။

Golden Ticket ကို အတူတူရပြီး ပြိုင်ပွဲတိုင်းမှာ ရှေ့ဆင့်နောက်ဆင့်နဲ့ Idol အဖြစ်အရွေးချယ်ခံခဲ့ရတဲ့အပြင် Voting No.ကလည်း ရှေ့ဆင့်နောက်ဆင့်ဖြစ်နေခဲ့ပါတယ်လို့ သိရပါတယ် ယခုတစ်ပတ် နေလင်းကျော် ထွက်ခွာသွားပြီဆိုတော့ နောက်အပတ်ကိုတော့ သူထွက်သွားရတော့မှာပါလို့ ဟာသလေးတွေနှောပြီးပြောထားပါတယ်.။

သူတို့ ပြန်ခိုင်းရင်တောင် မပြန်ပါဘူး လုံခြုံရေးဂိတ်မှာ နေမှာပါ သူ့ကို လုံခြုံရေးဂိတ်မှာ လားတွေ့နိုင်ပါတယ်လို့ အရွှန်းဖောက်ပြီးလဲပြောထားပါသေးတယ် ဟာသလေးတွေပြောထားတဲ့ မူးလာရဲ့ Video ဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်..။