ပွဲငှားပြီးမှ ဖျက်ခံရတဲ့အပြင် ကျင့်ဝတ်မရှိပဲအကူညီထပ်တောင်းတဲ့ သူတစ်ယောက်ကြောင့် ခံစားချက်တွေ ပွင့်အန်လာတဲ့ မိုးမိုး

မိုးမိုးကတော့ ဂီတနယ်ပယ်မှာသာမက သရုပ်ဆောင်၊လူရွှင်တော်စတဲ့ အနုပညာနယ်ပယ်အသီးသီးမှာ ပရိသတ်လက်ခံအားပေးမှုရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ တေးစီးရီးတွေထွက်ရှိထားတဲ့အပြင် ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားစေမယ့် သီချင်းပေါင်းများစွာကို ရေးစပ်သီဆိုထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာထွက်ရှိထားတဲ့ သီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ “မျှော်လေတိုင်းမှိုင်းရီ”သီချင်းဟာဆိုရင်လည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။မိုးမိုးဟာ သရုပ်ဆောင်ဘက်မှာ ကားရိုက်ကျဲလာပြီး ဂီတဘက်ကို အာရုံစိုက်လာခဲ့တာဖြစ်ပေမယ့် လက်ရှိရိုက်ကူးနေတဲ့ “ရောသမမွှေ” ဇာတ်ကားကြီးမှာတော့ အဆိုတော်တွေအများအပြားပါဝင်တာဖြစ်ပြီး မိုးမိုးလည်းပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မိုးမိုးဟာ “ကြယ်လေးတို့ရဲ့ဂီတမိုးကောင်းကင်”အစီစဉ်မှာ အစီအစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ လုပ်ကိုင်နေတာဖြစ်ပြီး ဖျော်ဖြေပွဲတွေနဲ့မအားလပ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆင်ပြေပြေနဲ့ ပွဲလှမ်းချိတ်ကြတဲ့သူတွေရှိသလို အချိုးမပြေတဲ့သူတွေလည်းရှိတာကြောင့် မိုးမိုးကတော့ စိတ်မချမ်းသာဖြစ်နေရတာဖြစ်ပါတယ်။ “လွန်ခဲ့တဲ့ (၂)ရက်က ပွဲတစ်ပွဲ လှမ်းချိတ်တယ်…ကိုယ်ကလဲ အစ်ကိုတစ်ယောက်လိုချစ်ရတဲ့သူက လှမ်းပြောပေးထားလို့ အတတ်နိုင်ဆုံး ကူညီပေးနိုင်သမျှ ကူညီပေးဖို့ ဆုံးဖြတ်ထားပါတယ်..(သူ ပြောတာလဲ မိုးမိုး လာဆိုပေး တခြားသူတွေလဲချိတ်ပေးလို့ပဲ သေချာပြောတာပါ..ကိုယ်အပါအဝင်လို့ သေချာပြောတာပါ)..ဒါနဲ့ ဖုန်းဆက်လာတော့ ဘတ်ဂျက် ဘယ်လောက်သုံးပါမယ်…ကိုမိုးမိုးနဲ့ အခြား မိန်းကလေးအဆိုတော်တစ်ယောက် နဲ့ လိုချင်ပါတယ် ဆိုလို့…ဘယ်သူတွေတော့ ဘယ်လောက်ရှိတယ် ဘာညာပြောပြု အကြံဉာဏ်တွေ ပေး ကူပြုပြောပေးပေါ့လေ…ဈေးစကားတွေ ဘာတွေ ညှိပြုပြီး အဆင်ပြေသလောက် အခြေအနေဖြစ်ပြီဆိုကာမှ ဖုန်းပြန်ဆက်ကြဖို့ ချိန်းကြတယ်…

ဒီနေ့တော့ ပွဲကလဲကပ်နေတော့ ကိုယ့်ဘက်ကပဲ အခြေအနေ လှမ်းမေးဖို့ဖုန်းခေါ်တယ် ဘာပြောတယ် ထင်လဲဗျ…မနေ့ကပဲ ကိုမိုးကို ပြန်ဆက်မလို့တဲ့…သူတို့ဘက်က တိုင်ပင်လိုက်ကြတော့ မိန်းကလေးအဆိုတော်တွေချည်းပဲ ခေါ်ဖို့ဆုံးဖြတ်လိုက်လို့တဲ့… အဲဒါ ကိုမိုးမိုး ဘယ်လိုကူညီနိုင်မလဲတဲ့ဗျာ… (သူနဲ့က တခါမှမတွေ့ဖူးဘူးနော် အကူညီတောင်းချက်ကြီးကလဲဗျာမိန်းမလိုဝတ်ပြီး သွားဆိုရမလိုလိုတောင်ဖြစ်သွားတယ်)လူကို အားမနာရင် နေပါဗျာ….Pro လုပ်နေတဲ့ ကျနော့်အလုပ်လေးကိုတော့ လေးစားပေးပါလားဗျ…ကျနော်က အဆိုတော်လေ ပွဲစားမှ မဟုတ်တာ..ကျနော့်ကို ဈေးတွေဘာတွေဆစ်ပြီးမငှားဘဲ နေတာလောက်ထိတော့ သည်းခံပေးလို့ရတယ်…ကိုယ့်ကိုမငှားဘဲ မိန်းကလေးအဆိုတော်ပဲ ငှားတော့မယ်ပြောပြီး ဆက်ကူညီပေးဖို့ပြောရဲတာတော့အံ့ဩ လက်လန် ပက်လက်လန် မိပါတယ်…လမ်းမှာဗျာ ဆိုက်ကားတစ်စင်းတွေ့လိုလှမ်းခေါ်ပြီး ဈေးတွေဘာတွေမေး ခင်ဗျားကိုတော့မငှားဘူး…တခြား ဆိုက်ကားပဲငှားမယ်ခေါ်ပေးလို့ ပြောကြည့်ပါလား.. ပါးတောင်ဆင်းရိုက်သွားမှာပေါ့ဗျာ…ကြားထဲက လှမ်းပြောပေးတဲ့ အစ်ကိုကလဲ ကိုယ့်ကိုအားတွေနာ ကိုယ်ကလဲ ကိုယ့်မှမငှားတာ..ဘာဆက်လုပ်ပေးရမလဲ အားတွေနာနဲ့ လူလိုမသိတဲ့သူတွေနဲ့ အလုပ်လုပ်ရတာ ကြားထဲက မိတ်ဆွေတွေတောင်စကားပြောရတာ အိုးတို့အန်းတန်းတွေကိုဖြစ်ရော ဪ မြန်မာအနုပညာရှင်လုပ်ရတာလဲ -ာ လောက်တောင် လေးစားမခံရပါလားနော်… ကျနော်တို့မှာလဲ အသဲရှိတယ်ဗျ …ကွဲတတ်တယ် အဲ့လောက်တော့ မလုပ်ကြပါနဲ့ဗျာ…” ဆိုပြီး ခံစားချက်တချို့ကိုရင်ဖွင့်ရေးသားခဲ့တာဖြစ်ပါတယ်။