၂၀၂၀ ရွေးကောက်ပွဲကြီးမှာ သတင်းမှားတွေမပြန့်ပွားအောင် ဖေ့စ်ဘုတ်ခ်ကုမ္ဗဏီနဲ့ ပူးပေါင်းထား
နေပြည်တော်၊နိုဝင်ဘာ ၁၇ – လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေဆီ သတင်းတုသတင်းမှားတွေမပြန့် ပွားစေဖို့ ဖေ့စ်ဘုတ်ခ်ကုမ္ဗဏီနဲ့ ပူးပေါင်းဆောင်ရွက် ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါ တယ်။
ဥက္ကဋ္ဌ ဦးလှသိန်းက “ဘာပဲဖြစ်ဖြစ် သူတစ်ပါးထိခိုက်တဲ့ဟာကိုတော့ မမှန်တဲ့ဒေတာတွေနဲ့မပေးသင့်ဘူးပေါ့၊အဲဒါတွေကာကွယ်ဖို့လဲ ကျွန်တော်တို့ က မြန်မာနိုင်ငံ သ တင်းမီဒီယာ ကောင်စီတို့ ၊ ပြန် ကြားရေးဝန်ကြီးဌာနတို့ ၊ ဖေ့စ်ဘုတ်ခ်ကုမ္ဗဏီတို့နဲ့ ညှိထားပါတယ်၊ မတရား စွပ်စွဲတယ်၊ မတရား ပြီးတော့ သတင်းတွေ အမှားတွေ ပေးတယ်ဆိုရင် ကျွန်တော်တို့ပိတ်မယ်၊ အထောက်အထားနဲ့ ပိတ်ခိုင်းရတာ၊ မဟုတ် ရင် ရွေးကောက်ပွဲလုပ်တဲ့နေ့ အထိ အမှား တွေနဲ့ ပြည်သူတွေ ထင်ယောင်ထင် မှား ဖြစ် အောင် လျှောက်လုပ်နေမှာပါ၊ ဒါကြောင့် ဒီလို ပူးပေါင်းဆောင်ရွက်ထားတဲ့ အနေအထားရှိပါတယ်”လို့ ပြောပါတယ်။နိုဝင်ဘာလ ၁၄ ရက်နေ့ နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းအစည်းအဝေးမှာအခုလို ပြောတာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲ ကြီးတုန်းကတော့ မြန်မာနိုင်ငံ မှာ မိုဘိုင်းလ်ဖုန်း သုံးစွဲသူဟာခုနစ်သန်း ခန့် ပဲ ရှိပြီး သည်နှစ်မှာတော့ ၂၁ သန်းခန့် ရှိပြီလို့ ဥက္ကဋ္ဌက ဆိုပါတယ်။ သည့်အတွက် သတင်းတုသတင်းမှားတွေ ၊အမုန်းစကားတွေဟာ များလာနိုင်တယ်လို့ သိရပါ တယ်။
ဥက္ကဋ္ဌက “ကျွန်တော်တို့က ၂၁ သန်းအထိ မိုဘိုင်းလ်ဖုန်းသုံးလာတဲ့အတွက် လိုရင်လိုသလို မလိုရင် မလိုသလို တင်မယ့် အကောင့်တွေကလဲရှိလာတာပေါ့၊ သူ့ထင်မြင်ချက်နဲ့ သူရတဲ့ သတင်းနဲ့မှန်တယ်မှား တယ်မသိဘူး၊သူကဒီအတိုင်းတင်မှာ ”လို့ ပြောပါတယ်။အထွေထွေ ရွေးကောက်ပွဲကြီးမှာ မဲဆွယ်စည်းရုံးမယ့် နိုင်ငံရေးပါတီတွေကလည်း ရွေး ကောက်ပွဲဥပဒေ နည်း ဥပဒေ တွေနဲ့ အညီ ဆောင်ရွက်ကြဖို့ ဥက္ကဋ္ဌ ကမေတ္တာရပ်ခံထားပါတယ်။ ကော်မရှင်အ နေနဲ့ကတော့ နိုင်ငံရေးပါတီတွေမဲ ဆွယ်စည်းရုံးခြင်းနဲ့ ပတ်သက်ပြီး ကန့်ကွက်လွှာ တင်ပြလာရင် အထောက်အထား ခိုင်လုံပါ က အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါ တယ်။ သည့်အတွက် နိုင်ငံရေးပါ တီ တွေအနေနဲ့ မည်သူကတိုင်တန်းသည် ဖြစ်စေ၊ ကန့်ကွက်လွှာတင်သည်ဖြစ်စေမိမိတို့က ဥပဒေ နည်းဥပဒေ နဲ့ ဆောင်ရွက်ထားဖို့က အဓိကသာဖြစ်တယ်လို့ ဆိုပါတယ်။
ဦးလှသိန်းက “ရိုးရိုးသားသား ယှဉ် ပြိုင်ခြင်းဟာ မတရားနည်းနဲ့ အနိုင်ရတာထက်ရိုးရိုးသားသား ရှုံးနိမ့်ခြင်းကပိုပြီး တော့ဂုဏ်ရှိပါတယ်” လို့ နိုင်ငံ ရေး ပါတီ တွေကို မှာကြားပါတယ်။ကော်မရှင်အနေနဲ့ကတော့ ၂၀၂၀ ရွေးကောက် ပွဲကြီးမှာ စံသတ်မှတ်ချက်ငါးချက် ဖြစ်တဲ့ လွတ်လပ်ရမယ်၊ တရားမျှတရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ အများယုံကြည်ရမယ်၊ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်းကျရမယ်ဆိုတဲ့ အချက်တွေနဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနှင့် ရွေးကောက်ပွဲ ထောက်ပံ့ရေး (IDEA) မြန်မာနိုင်ငံ ပရိုဂရမ်မှ Country Directory ဖြစ်သူ Mark McDowell က “ရွေး ကောက်ပွဲ တွေဟာ ဒီမိုကရေစီ ရဲ့ ပြယုဂ် တစ်ခုလို့ ဆိုနိုင်ပြီး ရွေးကောက်ပွဲ ဆောင် ရွက်ချက်တွေကို ယုံကြည်ခြင်းဟာ ဒီမိုက ရေစီ ယုံ ကြည် သက်ဝင်ခြင်းအတွက် အဓိက သော့ချက်ဖြစ် ပါတယ်”လို့ နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲအခမ်း အနားမှာ ပြောပါတယ်။
လက်ရှိမှာတော့ ကော်မရှင်အနေနဲ့ အ ခြေခံ မဲစာရင်းတွေကို ဒေသအများစုမှာကောက်ယူ ထားပြီးဖြစ်ကာ ရွေးကောက်ပွဲအတွက် သင်တန်း ဆရာ ၅၀ ဦးကိုလည်း မွေးထုတ်ပြီး ဖြစ်ပါတယ်။ သည်၅၀ ဦး ကနေ ဆရာ ဖြစ်သင်တန်း ၃၀၃ ခုကို လေ့ကျင့် သင်ကြားပေးမှာဖြစ်ပြီး သည် ၃၀၃ ခုမှ ကော်မရှင်ခွဲအဖွဲ့ဝင်၂၆၄၀ ဦး ရှိတယ်လို့ သိရပါ တယ်။
Source-မဇ်ၥိမ