သူမအိမ်ရှေ့မှာ ရပ်ပြီး စောင့်ကြည့်နေတဲ့ မသင်္ကာစရာလူတစ်ဦးကြောင့် ထိတ်လန့်နေရတဲ့ ပိုပို

မလျှော့တဲ့ လုံ့လကို အရင်းပြုပြီး သူမရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ကြိုးစားနေတဲ့ အဆိုတော်မလေး ပိုပိုကတော့ အခုဆိုရင် အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိနေတဲ့ အဆိုတော်တစ်ဦး ဖြစ်နေပါပြီ။ လတ်တလောမှာတော့ ပိုပိုက သူမအိမ်ရှေ့မှာ နေ့တိုင်းလာရပ်ပြီး စောင့်ကြည့်နေတဲ့ မသင်္ကာစရာလူတစ်ဦးကြောင့် ထိတ်လန့်နေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်သူ့ကိုမှ မယုံကြည်ရတဲ့ ဒီနေ့ခေတ်ကြီးမှာ အိမ်ရှေ့အထိ ရဲရဲဝံ့ဝံ့ ရောက်လာတဲ့ မသင်္ကာစရာလူတစ်ဦးကြောင့် ပိုပိုတစ်ယောက် အရမ်းကို လန့်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် မသင်္ကာစရာ လူတစ်ဦးရဲ့စောင့်ကြည့်နှောင့်ယှက်ခြင်းကို ခံနေရတဲ့ အဆိုတော်မလေး ပိုပိုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုပိုကတော့ “ဒီရက်ပိုင်း အလုပ်များနေရတဲ့အထဲ စိတ်အနှောင့်ယှက်တွေ ပေါ်ပေါ်လာပါတယ် ဆံပင် အလယ်ခွဲ အနည်းငယ် ဝပြီး ဆိုင်ကယ်နဲ့ လူတစ်ယောက်ဟာ အိမ်ရှေ့လာလာရပ်နေပါတယ် အိမ်မှာ လူအများကြီး ရှိပေမဲ့ မိန်းကလေးတစ်ယောက်ကို လာလာရပ် ကြည့် ရပ်စောင့်နေတာဟာ ကြောက်စရာကောင်းပါတယ် ပထမရက် ပို က အမှိုက်တွေ ရှင်းပြီး အိမ်ရှေ့မှာ အမှိုက်ထုပ်ထဲ ထည့်နေတာကို ပြွတ်ပြွတ်နဲ့ လာခေါ်တော့ လှည့်ကြည့်ပြီး ဘာကိစ္စလဲပေါ့ သူက ပြုံးပြုံးကြီးနဲ့ ဘာမှ မပြောတော့ ပရိတ်သတ်ထင်ပြီး ဘာကိစ္စလဲ ပြောလေ လို့ဆိုတော့ ဘာမှမပြောပဲ ပြုံးပြုံးကြီး ကြည့်နေတော့ ကြောက်ပြီး အိမ်ထဲ ပြေးဝင်ခဲ့တယ် အဲ့ဒါကို လဲ မပြန်သေးဘူး အဲ့နေ့က မောင်လေးက ဒဂုံ အလုပ်ကိစ္စနဲ့ သွားနေပြီး ကိုမင်းသူကလဲ နယ်ကပြန်မလာသေး ကလေးတွေ ခွင့်ယူတဲ့ရက် ဖြစ်နေတော့ ပိုတောင် ကြောက်ပီး ပုန်းနေရတယ် 😪ဒုတိယ ရက် ညနေပိုင်း ပိုက ဝရံတာဘက်ထွက်တော့ သူ့ကိုမြင်သွားတော့ ထွက်ပြေးပုန်းနေလိုက်ရတယ်အဲ့လိုပဲ ဆိုင်ကယ်နဲ့ အိမ်ရှေ့ မှာ လာရပ်ပြန်ရော အဲ့နဲ့ အိမ်က အကို ကိုမင်းသူကို ထွက်ကြည့် ခိုင်းတော့လဲ မပြန်ဘူး ခပ်တည်တည်နဲ့ ဖုန်းပြောပြီး ရပ်နေတာ အကြာကြီး

တတိယ နေ့ ဒီမနက် မှာ အိမ်က ကလေး မကဈေးက အပြန် ဝတ်ရည်နဲ့ တွေ့ချင်လို့တဲ့ ဘယ်ကဝတ်ရည်လဲဆိုတော့ ပိုပို လေတဲ့ ချိန်းထားလို့လားဆိုတော့ ဒီတိုင်းတွေ့ချင်လို့တဲ့ အဲ့နဲ့ ကလေးမ မရှိဘူး ပြောလိုက်တယ်တဲ့ အဲ့ဒါကို မပြန်ဘူးအဲ့နဲ့ ရဲတိုင်မယ် လို့ ပြောခိုင်းလိုက်တယ် မလာနဲ့ ဆိုတာကို လက်ဆောင်ပေးချင်လို့တဲ့ ကလေးမ က ဘာလက်ဆောင်မှ မလိုချင်ဘူး အားပေးတာ ကျေးဇူးပဲလို့ပဲ ပြောလိုက်တယ် သူ့နာမည်နဲ့ ဓါတ်ပုံတွေလဲ ကျမတို့မှာ ရှိပါတယ် အဲ့တော့ အကိုရေ နောက်တစ်ခါ မလာပါနဲ့ အကို အားပေးချင်ရင် Show ပွဲတွေမှာ လာအားပေးလို့ရပါတယ် ကျမ အိမ်ရှေ့မှာ လာလာရပ်နေတာဟာ စိတ်အနှောက်ယှက်များစွာ ဖြစ်စေပါတယ် အိမ်မှာ လူတွေ လဲ အမြဲ ဝင်ထွက်သွားလာနေတော့ ဘေးအိမ်တွေ ဧည့် သည်တွေရဲ့ အထင်လွဲမှူကို ခံရနိုင်သလို ပို ကြောက်လဲ ကြောက်ပါတယ် ရှင့် နောက်တစ်ခါလာခဲ့ရင် တရားဥပဒေ အရ အရေးယူ ဆောင်ရွက် ပါမယ်လို့ 😌” ဆိုပြီး သူမမှာ အိမ်အပြင်တောင် မထွက်ရဲလောက်အောင် ကြောက်နေရတဲ့အကြောင်းနဲ့ နောက်ထပ်တစ်ခေါက်ထပ်လာရင် ဥပဒေအရ အရေးယူဖို့ ပြင်ဆင်သွားမယ်လို့လည်း ပြောထားပါသေးတယ်။

ချစ်ပရိသတ်တွေလည်း မယုံကြည်ရတဲ့ ဒီနေ့ခေတ်ကြီးမှာ လူစိမ်းတွေကို သတိကြီးကြီး ထားကြဖို့ ပိုပိုရဲ့အဖြစ်အပျက်လေးကို ပြောပြရင်း တိုက်တွန်းလိုက်ရပါတယ်နော်။

Source-မိုမိုလေး