လာမယ့်​ရုံးချိန်းမှာ စစ်ဆေးခံရတော့မယ့် ဒေါ်ဥမ္မာလိုင် ရဲ့ သား ၂ ဦး

နေပြည်တော်က ဗစ်တိုးရီးယားအမှုဟာ တစ်နိုင်ငံလုံးစိတ်ဝင်စားကြတဲ့ အမှုပဲ ဖြစ်ပါတယ် သံသယတရားခံလို့ ဆိုကြတဲ့ အောင်ကြီးကို တရားခံအစစ်မဟုတ်ဘူးလို့ ပြောဆိုနေကြသလို ဒီအမှုစစ်ဆေးခဲ့တဲ့တစ်လျှောက်မှာလည်း ပရိသတ်တွေက ဂရုတစိုက်စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ် ဒါ့အပြင် အပြန်အလှန်တရားစွဲမှုတွေလည်း ရှိခဲ့တာကြောင့် နောက်ဆုံးအဖြစ်မှန်က ဘာဖြစ်မလဲဆိုတာကို ပြည်သူတွေက သိချင်နေကြတာပါ

Image may contain: 1 person

ဒီအမှုနဲ့ ဆက်စပ်ပြီးတော့ အောင်အောင်ြ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းက ကျောင်းကြီးကြပ်ရေးမှူးဖြစ်တဲ့ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ နဲ့ တရားစွဲဆိုထားတဲ့ အမှုရဲ့ ရုံးချိန်းကို လာမည့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်…ဒေါ်စုဒါလီအောင်က BBC သတင်းဌာနနဲ့ အင်တာဗျူးဖြေဆိုရာမှာ ဒေါ်ဥမ္မာလှိုင်ရဲ့ သား ၂ ယောက်နာမည်ကို ထည့်သွင်းဖြေဆိုခဲ့လို့ ခုလို ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ နဲ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်

Image may contain: 2 people, people standing

လာမည့် ၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်ဥမ္မာလှိုင်ရဲ့ သား ၂ ဦးကို စစ်ဆေးမေးမြန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်ဗစ်တိုးရီးယားလေးအမှုဟာ လက်ရှိအချိန်ထိ စစ်ဆေးနေဆဲ ဖြစ်ပြီးတော့ လက်ရှိအချိန်ထိတော့ တိကျတဲ့ အဖြေမသိရသေးပါဘူး

Image may contain: 1 person, selfie, closeup and indoor

Soure-SM