ဖြူဖြူထွေး၊ ရဲလေး၊ ခင်လှိုင်တို့နဲ့ ဇာတ်ကားရိုက်ဖို့ ရန်ကုန်ကိုရောက်ရှိနေပြီဖြစ်တဲ့ Tok Tok ဆယ်လီနှစ်ဦး

လွန်ခဲ့တဲ့ လပိုင်းတွေကတည်းက လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ အမရပူရသူ နှစ်ဦးကို ပရိသတ်တွေ သိပြီးသား ဖြစ်မှာပါ။ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အိုက်တင်တွေက အများပြည်သူကို သဘောကျ ပျော်ရွှင်စေလို့ ပရိသတ်တွေ သဘောကျ နှစ်ခြိုက်နေကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ပြည်သူတွေသာမက အနုပညာရှင်တော်တော်များများကလဲ သတိထား သဘောကျနေကြတာကို တွေ့ရပါတယ်။

ထိုအမရပူရသူ Tik Tok ဆယ်လီ မမနှစ်ယောက်က အခုဆိုရင် ရန်ကုန်မြို့ကို ရောက်ရှိနေတာဖြစ်ပြီး ဇာတ်လမ်းတစ်ခုကို နာမည်ကြီး အနုပညာရှင်တွေနဲ့ တွဲဖက်ပြီး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ ရိုက်ကွင်းပထမနေ့ကို စတင်ခဲ့တယ်လို့ သိရပြီး ဆယ်လီမမနှစ်ယောက်က ဖြူဖြူထွေး၊ ရဲလေး၊ ခင်လှိုင်၊ သားစိုးစတဲ့ နာမည်ကြီး အနုပညာရှင်တွေနဲ့ ဆုံတွေ့ခဲ့တာကို တွေ့ရှိရပါတယ်။

ပရိသတ်တွေကလည်း ဖုန်းနဲ့ပဲ Tik Tok ရိုက်ရင်း အောင်မြင်နေတဲ့ ထို မမနှစ်ယောက်ကို တီဗီဖန်သားပြင်ပေါ်မှာ တွေ့မြင်ရတော့မယ်ဆိုတော့ အားလုံးက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဟန်ဆောင်မှုမရှိပဲ ရရှိလာတဲ့ဘဝမှာ ပျော်ပျော်နေတတ်တဲ့ အမရပူရသူ ဆယ်လီနှစ်ယောက်ကို တစ်နိုင်ငံလုံးက ပရိသတ်တွေက ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။ ထိုမမနှစ်ယောက် အနုပညာရှင်တွေနဲ့ ဘယ်လိုအတွဲညီညီ သရုပ်ဆောင်ထားမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။

Source-မိုမိုလေး