စွမ်းဇာနည်ရဲ့နန်းတော်ရာ ပြသနာ သဘင်အစည်းအရုံးဥက္ကဌ ဖိုးချစ်ကိုယ်တိုင်ဝင်ဖြေရှင်းရပြီ

မန္တလေးခရိုင်၊ အမရပူရမြို့နယ် နန်းတော်ရာရပ်ကွက် ဘုံကထိန်ပွဲအတွက် တစ်ညလျှင် ၅၅သိန်းဖြင့် စာချုပ်ချုပ် ဆိုငှားရမ်းထားသော်လည်း ခေါင်းဆောင်မင်းသားစွမ်းဇာနည် လာရောက်ခဲ့ခြင်းမရှိဘဲ ပွဲပျက်ခဲ့သည့်အတွက် လူ ကိုယ်တိုင်လာရောက်ညှိနှိုင်းရန်လိုအပ်ကြောင်း ပွဲကျင်းပရေးကော်မတီကတောင်းဆိုထားတာဖြစ်ပါတယ်။

“စာချုပ်စကားရ စကားပြောတာမဟုတ်ဘူး၊ စာချုပ်အရပါလို့ စကားမပြောတာမဟုတ်တဲ့အတွက် ကျွန်တော် တို့ဘက်လည်းစီစဉ်ပေးတာအဆင်ပြေသလို၊ သူတို့ဘက်ကလည်း ဇာတ်ကဖို့အတွက် ဇာတ်သူဇာတ်သားတွေ အားလုံးရောက်လာတယ်၊ ပွဲဖျက်တဲ့သူ တစ်စုံတဦးကြောင့် ဇာတ်အကြီးတခုလုံးနစ်နာမှုဆုံးရှုံးမှုအတွက် ကျွန် တော်တို့ညှိနှိုင်းလိုက်တာဖြစ်တယ်” ဟု ပွဲကျင်းပရေးကော်မတီဝင် ကိုသန်းထိုက်က ပြောသည်။

ပွဲလာရောက်ကပြဖျော်ဖြေခဲ့ခြင်းမရှိသည့်အတွက် နစ်နာဆုံးရှုံးမှုများအတွက် ကျပ်သိန်းငါးရာတောင်းခံထားသည်။ လောလောဆယ်တွင် နန်းတော်ရာ ဓမ္မာရုံဝင်းအတွင်းတွင် ဇာတ်အဖွဲ့ပိုင် ကားများ နှင့် စက်ပစ္စည်းများကို သိမ်းဆည်းထားသည်ကို တွေ့ရသည်။ထိုကားတွေအသိမ်းခံရတာနဲ့ပတ်သတ်ပြီးစွမ်းဇာနည်ဘက်ကက”ဘာဖြစ်ချင်လဲပြော”ဆိုပြီးသူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာတင်ထားလို့ပရိပ်သတ်တွေကြားထဲပွဲဆူခဲ့ပါသေးတယ်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သဘင်အစည်းအရုံးဥက္ကဠ ဖိုးချစ်က”ကျွန်တော်တို့ကတော့စွမ်းဇာနည်ရဲ့ကိစ္စနဲ့ပတ်သတ်လို့ဖြေရှင်းပေးနေပါတယ်။ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။ကျွန်တော့်အနေနဲ့အဲ့မှာတာဝန်ရှိတဲ့ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့တယ်လီဖုန်းပြောနေတာနှစ်ကြိမ်ရှိပါပြီ။ဒီကိစ္စတွေမှာလည်းသဘင်အဖွဲ့သားတွေ အန္တရာယ်မဖြစ်ပဲနဲ့မိမိနေရာကိုပြန်ရောက်ခဲ့ကျတယ်။အဲ့အတွက်နန်းတော်ရာရပ်ကွက်ကအုပ်ချုပ်ရေးမှုးနဲ့ရပ်ကွက်သူရပ်ကွက်သားအားလုံးကိုဒီနေရာကနေတကယ်ကျေးဇူးတင်ပါတယ်။”

အဲ့တော့အခုပြသနာတွေကိုလည်းညှိနှိုင်းချင်ပါတယ်။အဓိကကတော့ငွေကြေးကဏ္ဍကိုညှိနှိုင်းချင်ပါတယ်။အခုကလည်းကိုယ့်ဘက်ကပျက်ကွက်တာပါ။ဒါပေမယ့်လည်းဇာတ်အဖွဲ့တွေဒီလိုမျိုးပျက်ကွက်တာဒီတစ်ကြိမ်တည်းတော့လည်းမဟုတ်ပါဘူး။အခက်အခဲဆိုတာရှိကျပါတယ်။အဲ့တော့ရည်ရွယ်ချက်ရှိရှိဒီပွဲကသိန်းငါးဆယ်ပေးထားတယ်။နောက်ပွဲကသိန်းနှစ်ရာရလို့လက်ခံလိုက်တာတော့မဟုတ်ပါဘူးပေါ့နော်။အခုကတော့သူတို့တွေစက်ပစ္စည်းတွေလည်းဆင်ပြီးပြီ။မင်းသားပဲမရောက်တာ။မင်းသားကျန်းမာရေးမေကောင်းလို့မရောက်ဖူးပေါ့နော်။ဖြေရှင်းလို့အဆင်ပြေမှာပါ။

အခုတော့ငွေကြေးကဏ္ဍတစ်ခုကိုညှိနေတယ်။ကျွန်တော်တို့ဒီဘက်ကလုပ်ပေးနိုင်တဲ့ငွေကြေးပမာဏတစ်ခုကိုသူတို့ဘက်ကလက်ခံဖို့ကျွန်တော်ပြောနေပါတယ်။တောင်းပန်ညှိနှိုင်းတယ်ပေါ့နော်။အဲ့လိုညှိနှိုင်းလို့အဆင်ပြေခဲ့တော့လည်းဝမ်းသာစရာပေါ့။အဆင်မပြေဘူးဆိုလည်းသူတို့ကိုစိတ်ဆိုးစရာမလိုဘူး။အဲ့အခါကျရင်ဥပဒေကြောင်းအရဖြေရှင်းတာကိုနာခံရတော့မှာပေါ့။အခုချိန်မှာတော့အားလုံးအန္တရာယ်ကင်းကင်းဖြစ်အောင်သူတို့ဘက်ကထိန်းသိမ်းနိုင်မှု့အားလေးကိုကျွန်တော်တို့အသိအမှတ်ပြုတယ်။စွမ်းဇာနည်ကတော့လောလောဆယ်ဆေးရုံတတ်နေပါတယ်။ကျွန်တော်ဒီကြားထဲမှာသူနဲပဖုန်းတစ်ကြိမ်တော့ပြောထားပါတယ်။သူနဲ့တော့မတွေ့ဖြစ်သေးပါဘူး။

Source-လားရှိုး