အမေစုလိုပုဂ္ဂိုလ်ကို ရှိခိုး ကန်တော့ခွင့်ရလို့ လွန်စွာကြည်နူးနေတဲ့ ဇဏ်ခီတို့ဇနီးမောင်နှံ

“မုဒြာခေါ်သံ” .. “ဥပါယ်တံမျဉ်” စတဲ့ ရုပ်ရှင်ကားတွေနဲ့ မြန်မာပြည်က ရုပ်ရှင်ကြည့် ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ခီမောင်နှံဖြစ်တဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ လက်ရှိမှာလည်း “Now and Ever-ထာဝရနှောင်ကြိုး” ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်မံရယူထားတာပါ

ဇနီးဖြစ်သူက ဒါရိုက်တာ…ခင်ပွန်းဖြစ်သူက မင်းသား ဒီလိုအတွဲညီပြီး ဇာတ်ကားကောင်းတွေ ဖန်တီးနေတဲ့ သူတို့စုံတွဲဟာ အနုပညာအရရော လူမှုရေးအရပါ ပရိသတ်တွေက ချစ်ခင်ကြတဲ့ ဇနီးမောင်နှံ အနုပညာရှင်တွေပဲ ဖြစ်ပါတယ် သူတို့ ဇနီးမောင်နှံဟာ ယနေ့မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်…

အဲဒီလိုတွေ့ဆုံရာမှာ ခီမောင်နှံဟာ ဒေါ်အောင်ဆန်းစုကြည်ထံ “ထာဝရနှောင်ကြိုး” ဇာတ်ဝင်တေးသီချင်းခွေနဲ့ ဇာဏ်ခီရေးထားတဲ့ “ကိုယ်တိုင်သိရှိသွားမှု” ဆိုတဲ့ အက်ဆေးစာအုပ်လေးကို လက်ဆောင်ပေးခဲ့ပါတယ် ဒါ့အပြင် ခီမောင်နှံဟာ ဒေါ်အောင်ဆန်းစုကြည်ကို တလေးတစားနဲ့ မိခင်ရင်းသဖွယ် ရှိခိုးကန်တော့ခဲ့ကြပါတယ်

ခုလို တွေ့ဆုံခွင့်ရသလို ကန်တော့ခွင့်လည်းရ လက်ဆောင်ပေးခွင့်လည်းရလို့ ခီမောင်နှံဟာ အရမ်းပျော်နေကြတာပါ…..ခီမောင်နှံတို့ ကန်တော့နေတဲ့ ဗီဒီယိုလေးကိုလည်း ပရိသတ်ကြီးတို့ ကြည့်ရှုနိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်..ပရိသတ်ကြီးတို့လည်း ခီမောင်နှံကို ဒီထက်ပိုအောင်မြင်ဖို့ ဆုတောင်းစကားလေးပြောပေးခဲ့ကြပါအုံး

ရွှေရောင်လန်း