ပရိသတ်က ချစ်လွန်းလို့ဆိုပြီး ဆွဲထားတဲ့ဆွဲကြိုးကိုချွတ်ပေးပြီး ဆုချခံရတဲ့ အိမ့်ချစ်

နိုင်​ငံ​ကျော်​အဆို​တော်​တစ်​ဦးဖြစ်​တဲ့ အိမ့်​ချစ်​ဟာ အဆို​တော်​ကြီး ချစ်​​ကောင်းရဲ့သမီးဖြစ်​ပါတယ်​။ အိမ့်​ချစ်​ဟာ ဖခင်​​ခြေရာကို အပြည့်​အဝနင်းနိုင်​သူဖြစ်​ပြီး ချစ်​​ကောင်းလိုပဲ အနုပညာ​လောကမှာ ​အောင်​မြင်​​နေတဲ့အနုပညာရှင်​တစ်​ဦးဖြစ်​ပါတယ်​။ အိမ့်​ချစ်​ကို အား​ပေးကြတဲ့ ပရိသတ်​​တွေကလဲ မြန်​မာနိုင်​ငံအနှံ့အပြားမှာ အများအပြား ရှိ​နေတာပဲဖြစ်​ပါတယ်​။


အိမ့်ချစ်ဟာ အချိန်တွေ ကြာလာသည့်တိုင် အောင်မြင်မှုတွေ ပိုမိုရရှိလေပဲ ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ဖျော်ဖြေရေးပွဲတွေကိုလည်း လက်မလည်အောင် ဖျော်ဖြေပေးနေတာပဲ ဖြစ်ပါတယ်။

အောင်မြင်လာတာနဲ့အမျှ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိလာတဲ့ အိမ့်ချစ်က ဒီတစ်ခေါက်မှာတော့ သူမရဲ့ ပရိသတ်တစ်ယောက်ဆီက တန်ဖိုးကြီးပစ္စည်းတစ်ခုကို လက်ဆောင်ရရှိခဲ့တဲ့အကြောင်း အခုလိုပဲ ပြောလာပါတယ်။


အိမ့်ချစ်ကို ချစ်ခင်အားပေးတဲ့ ပရိသတ် အမျိုးသမီးတစ်ယောက်က သူမဆွဲလာတဲ့ ဆွဲကြိုးကို ချွတ်ပြီး အိမ့်ချစ်ကို ဆုချခဲ့တယ်လို့ အိမ့်ချစ်က ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြထားတာ ဖြစ်ပါတယ်။


အိမ့်ချစ်ကတော့ သီချင်းဆိုကောင်းသလို ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေးပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source-မိုမိုလေး