မွန်ပြည်နယ် ရေးမြို့နယ် အဆင်းကျေးရွာတွင် ကလေးငယ်တစ်ဦးအားခိုးယူကာ ပြန်ပေးဆွဲငွေတောင်းမှုဖြစ်

နိုဝင်ဘာလ ၁၈ ရက်နေ့က ရေလုပ်ငန်းလုပ်ကိုင်ဖို့ ဒူးယားကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်းရပ်ကွက်ရှိ ဒေါ်သင်းသင်းအေးရဲ့နေအိမ်မှာ လာရောက်နေထိုင်ကြတဲ့ ဘုတလင်မြို့နယ်နေအသက် ၂၀ နဲ့ ၁၆ နှစ်အရွယ်ရှိ ညီအစ်ကိုနှစ်ဦးက နေအိမ်ပိုင်ရှင်ရဲ့ အသက် တစ်နှစ်နဲ့ ခုနှစ်လအရွယ်သမီးဖြစ်သူကို ခေါ်ဆောင်ကာ ငွေတောင်းခဲ့တာပဲဖြစ်ပါတယ်

Image may contain: 2 people, people standing and outdoor

ဖြစ်စဉ်မှာ မောင်ရဲရင့်သူနဲ့ မောင်ရဲရင့်မျိုးတို့နဲ့အတူ သမီးဖြစ်သူ ဆော့ကစားနေစဉ် မိခင်ဖြစ်သူမှာ အိပ်ပျော်သွားခဲ့ပြီး အိပ်ရာမှနိုးလာစဉ် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိခဲ့ရဘဲမိခင်ဖြစ်သူအားသွင်းထားတဲ့ ဟာဝေးအမျိုးအစားဖုန်းပါပျောက်ဆုံးနေခဲ့ကြောင်း၊ လိုက်လံရှာဖွေရာ အနီးရှိတက္ကစီသမားတစ်ဦးရဲ့ပြောပြချက်အရ သမီးဖြစ်သူနှင့် လူငယ်နှစ်ဦးတို့ ဘူတာလိုက်ပို့ပေးရန်ပြောသဖြင့် လိုက်ပို့ပေးခဲ့ကြောင်းသိရ၍ လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ရကြောင်း၊ ညနေ ၆ နာရီအချိန်တွင် ခင်ပွန်းဖြစ်သူ၏ဖုန်းအား အဆိုပါလူငယ်နှစ်ဦးက” ငွေ ၅ သိန်းနဲ့ သမီးဖြစ်သူကိုလာရောက်လဲလှယ်ရန်နှင့် မလဲလှယ်ပါက အဆိုးမဆိုနဲ့၊ စိတ်မရှည်ဘူး “ဟု ဆက်သွယ်ခဲ့သဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း၊ရဲတပ်ဖွဲ့များက ယင်းလူငယ်နှစ်ဦးအား ယင်းနေ့ည ၁၀ နာရီအချိန် အဝေးပြေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပေမယ့်မိန်းကလေးငယ်ရဲ့ မိဘတွေကို ငွေ ၅ သိန်းကျပ်နှင့် လာရောက်လဲလှယ်ဖို့ ခြိမ်းခြောက်ပြောဆိုတဲ့အတွက် မိဘတွေက ငွေကျပ် ၃ သိန်းဘဲ Wave money ကနေ လွှဲပေးခဲ့တာပါ။

Image result for ရေးမြို့နယ်

ရဲတပ်ဖွဲ့တွေက Wave Money ဆိုင်တွေနှင့်ချိတ်ဆက်ပြီး လိုက်လံဖမ်းဆီးရာကနေ ည ၁၀ နာရီလောက်မှာ ရေးမြို့ အဝေးပြေးယာဉ်ကားဂိတ်မှာ ဖမ်းဆီးမိခဲ့ပေမယ့် ကလေးငယ်ကို ပြန်မရခဲ့ပါဘူး။ကလေးငယ်လေး၏ ရုပ်အလောင်းသာ ပြန်လည်ရရှိခဲ့ရတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခုပင်ဖြစ်ပါတယ်