ကြော်ငြာရိုက်ကူးမှုပြီးတာနဲ့ ပါဝင်သရုပ်ဆောင်ကြတဲ့ ဝါရင့်ဟာသသရုပ်ဆောင်တွေကို ဆန်ဆီဆေးဆားအစုံအလင်နဲ့ ကန်တော့ခဲ့တဲ့ ဖြူဖြူထွေး
ပရိသတ်အချစ်တော် ဖြူဖြူထွေးကတော့ သူ့ပါဝင်ရင်ရိုက်ကူးရတဲ့ကြော်ငြာတိုင်းမှာ အလုပ်မရှိဘဲ ခက်ခဲနေလောက်တဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်ကြီးတွေ အမြဲထည့်ရိုက်ကာ ကြော်ငြာကိုလည်း ဇာတ်လမ်းဆန်ဆန်ရိုက်ကူးလေ့ရှိသူပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖြူဖြူထွေးရဲ့ တိုင်းရင်းဆေးတစ်ခုကြော်ငြာမှာတော့ ဝါရင့်ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ ဦးငြိမ်းချမ်း၊ဦးစိန်ရိုးနဲ့ဦးကောင်းစံ တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဖြူဖြူထွေးကတော့ ဝါရင့်ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ ဦးငြိမ်းချမ်း၊ဦးစိန်ရိုးနဲ့ဦးကောင်းစံ တို့နဲ့အတူ ရိုက်ကူးထားတဲ့ ကြော်ငြာဗီဒီယိုလေးကို “ဘဝသမားလေးဆိုသူရှိမှ အဆင်ပြေတာ စိန်ဒေါင်းနီတိုင်းရင်းဆေးထုတ်လုပ်ရေး” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ပရိသတ်တွေကတော့ အခုလိုကြော်ငြာတွေမှာ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်ကြီးတွေ အမြဲထည့်ရိုက်တာကြောင့် ချီးကျူးစကားထားကြပါသေးတယ်။ သူဟာ ကြော်ငြာရိုက်ကူးပြီတာနဲ့ ဝါရင့်ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ ဦးငြိမ်းချမ်း၊ဦးစိန်ရိုးနဲ့ဦးကောင်းစံ တို့ကို အိမ်မှာထမင်းဧည့်ခံကျွေးပြီး ဆန်ဆီဆေးဆားအစုံအလင်နဲ့ ကန်တော့ခဲ့တဲ့အကြောင်းကို “ဖြူဖြူ ပြောပြမတတ်အောင် ပီတိဖြစ်မိပါတယ်” လို့ပြောထားပါတယ်။
ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် မင်းသမီးချောလေး ဖြူဖြူထွေးကတော့ တိုင်းရင်းဆေးကြော်ငြာတစ်ခုမှာ အတူတူပါဝင်သရုပ်ဆောင်ကြတဲ့ ဝါရင့်ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ ဦးငြိမ်းချမ်း၊ဦးစိန်ရိုးနဲ့ဦးကောင်းစံ တို့ကို ကြော်ငြာရိုက်ကူးမှုပြီးတာနဲ့ ဆန်ဆီဆေးဆားအစုံအလင်နဲ့ ကန်တော့ခဲ့တာနော်။