အိမ်ထောင်သက်တမ်း(၁၄) နှစ်ပြည့်ပြီဖြစ်တဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီ

အိမ်ထောင်သက်တမ်း (၁၄) နှစ်အတွင်းမှာ ဇဏ်ခီနဲ့အတူ ဖြတ်သန်းခဲ့တဲ့ မိသားစု ဘဝအမှတ်တရတွေကို ခရစ္စတီးနားခီက ပြောပြထားပါတယ်။သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ ဒီနေ့ ဇွန်လ(၂၅) ရက်မှာ အိမ်ထောင်သက်တမ်း (၁၄) နှစ်ပြည့်ပြီလို့ သိရပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီကို လေးစားရတဲ့ အချက်တွေ ခရစ္စတီးနားခီက ပြောပြလာပါတယ်။

” Happy 14th Wedding Anniversary!! My best friend, Co-worker, My idol & My everything!! ကိုယ့်အကြောင်းအကုန်သိသူ၊ အရာအားလုံး ပြောပြချင်တာမှန်သမျှ နားထောင်ပေးဖို့ အတူခံစားပေးဖို့ ကိုယ့်ဘဝထဲဝင်လာသူ ၊ အလုပ်တွေအတူတူလုပ်ရင်းမှ တစ်ပါးသူအတွက်စိတ်ခွန်အားသာပေးပြီး သူ့အတွက်ဘာအကြောင်းကြောင့်မှ ပူပင်သောကတွေ ဒေါသတွေဖြစ်စရာမလိုပဲ အချိန်တိကျပြီး တာဝန်ယူမှု၊ တာဝန်သိတတ်မှုအပြည့်ရှိသော လုပ်ဖော်ကိုင်ဖက်ကောင်းပီသသူ၊ သူ့ သီချင်း၊ စာပေ၊ သရုပ်ဆောင်မှုတွေကိုကြိုက်နှစ်သက်လွန်းလို့ သူဟာ ငါလေးစားရတဲ့သူပဲ၊ငါမော်ကြည့်နိုင်တဲ့သူပဲဖြစ်လာသူ၊ Anniတိုင်းမှာ သူဘယ်လောက်မလှကြောင်း ပိုက်ဆံမရှိခဲ့ကြောင်း အခါခါနှိမ်ချလို့ရေးခဲ့ပေမယ့် သူ့နှလုံးသားနဲ့ ဦးနှောက်တစ်စုံကိုတော့ဖြင့်သူမရေးခဲ့ပါ” ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့တာ တွေ့ရပါတယ်။

ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဟာ ၂၀၀၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က ပြည်ပမှာလက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဇဏ်ခီရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ခွင့်ရတာ သူမအတွက် ပျော်ရွှင်မှု တစ်ခုပါလို့ ခရစ္စတီးနားခီက အခုလို ပြောပြခဲ့ပါတယ်။

“ကျွန်မရဲ့သူ သို့ My everything ကို သူ့ရဲ့မေတ္တာတရားကြီးမားတဲ့ နှလုံးသားတစုံရယ် ဉာဏ်ပညာကြီးမားလွန်းတဲ့ ဦးနှောက်ရယ်ကို လေးစားအထင်ကြီးလွန်းလို့ သူဖခင်ဆုံးသွားတဲ့အချိန်မှာ ချစ်ခြင်းရဲ့ ပူလောင်မှုဒါဏ်ကြောင့် ကိုယ် နောင်ဘဝမလိုချင်တော့ဘူးလို့ သူပြောရုံနဲ့ပဲ နောင်ဘဝမှာပြန်ဆုံပါရစေကို အဲ့အချိန်ကစပြီး ဆုမတောင်းတော့ပါဘူး။ ဒီဘဝမှာ အချစ်ခံရတာနဲ့ပဲ ကျေနပ်ပျော်ရွှင်မိပါတယ်။ နောက်ထပ်ဆက်ချစ်ပေးဖို့ကိုလည်း မျှော်လင့်ရင်း ဘဝအဆက်ဆက် အေးချမ်းသာယာပါစေ။ လိုအင်ဆန္ဒတွေပြည့်ဝပါစေလို့ဆုတောင်းပေးပါတယ်နော်” ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။

Image may contain: 2 people, people sitting

သူတို့ ဇနီးမောင်နှံ နှစ်ယောက်ကတော့ ဇွန်လ (၁၂) ရက်နေ့တုန်းက ချစ်သူ သက်တမ်း နှစ်(၂၀) ပြည့်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ တစ်ဦးတည်းသော သားလေး နိုဝါ ၂၀၁၀ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သူတို့ မိသားစုလေးကို အားကျလျက်ရှိတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ ဇဏ်ခီ နဲ့ ခရစ္စတီးနားခီတို့ဟာ ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တွေဖြစ်ကြပါတယ်။ သူတို့ရဲ့ သားလေး နိုဝါကိုလည်း ပရိသတ်တွေက ချစ်ခင်ကြတယ်လို့ သိရပါတယ်။

Image may contain: 2 people, people sitting

သရုပ်ဆောင် ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကိုတော့ “ဥပါယ်တံမျဉ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယမြောက် ရုပ်ရှင်ဖြစ်တဲ့”မုဒြာရဲ့ ခေါ်သံ” ရုပ်ရှင်ကားကြီးရိုက်ကူးခဲ့ကြပါတယ်။ တတိယမြောက်ရုပ်ရှင်ကားကြီးဖြစ်တဲ့ ” ထာဝရနှောင်ကြိုး” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမို ရရှိလာခဲ့ကြတာ တွေ့ရပါတယ်။