ယတြာအစီအရင်ဆင်းတုတော်များဖယ်ရှားမှု နိုင်ငံရေးနှင့်မဆိုင်ဟု သာသနာရေးပြော

နေပြည်တော်တွင် စစ်အစိုးရခေါင်းဆောင် အများစု က ဗေဒင်ယတြာအစီအမံများဖြင့် ပေါင်းစပ်ပြုလုပ်ခဲ့သော ဗုဒ္ဓရုပ်ပွားတော်များကို ဖယ်ရှားခြင်း သည် ရွေးကောက်ပွဲ နီးကပ်လာ ချိန် နိုင်ငံရေးကြောင့်မဟုတ်ဘဲ ရိုးရှင်းသည့် ကိစ္စသာဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောသည်။

‘‘ဒါတွေက ရိုးရှင်းပါတယ်။ရိုးရိုးလေးပါပဲ။ ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်ဘဲ ရိုးရှင်းတဲ့ဟာကို ဟိုဟာတွေ မလုပ်ပါနဲ့’’ဟု ၎င်းက  ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ...

ဆက်လက်၍ ‘‘အခြား နိုင်ငံ ရေးတွေ မပါပါဘူး။ ပါစရာအ ကြောင်းလည်း မရှိပါဘူး’’ဟု ဦးမြင့်ဦးက ပြောသည်။မုဒြာ ၅၅ မျိုးနှင့် မကိုက်ညီ သည့်အပြင် ထေရဝါဒနှင့်လည်း မကိုက်ညီသဖြင့် လုပ်သင့်လုပ် ထိုက်သည့် ကိစ္စရပ်များကို လုပ်ခြင်းသာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း ထေရဝါဒဗုဒ္ဓဘာ သာနှင့်အညီ ကိုးကွယ်ရန်သာ လိုအပ်ကြောင်း ၎င်းက တိုက် တွန်းသည်။‘‘ထေရဝါဒနှင့်အညီပဲ ကိုး ကွယ်ဆည်းကပ်ဖို့ပဲ လိုပါတယ်၊ အဲဒါပဲ အရေးကြီးပါတယ်၊ ဘာမှ မဟုတ်ဘူး။ ရှုပ်ထွေးပါတယ်၊ ထိလွယ်ရှလွယ်နဲ့ အဲသလိုတွေ လုပ်နေတော့လည်း အဲအပေါ်မှာ သိပ်ပြီး မှတ်ချက်မပေးချင်ဘူး’’ ဟု ဦးမြင့်ဦးက ဆက်လက်ပြော သည်။

ရွေးကောက်ပွဲနီးကပ်လာ ချိန်တွင် နေပြည်တော်မှ ဘုရားဆင်းတုတော်များကို ဖယ်ရှား လိုက်ခြင်းသည် ယခင်နှစ်နှင့်ချီရှိခဲ့ပြီး ရွေးကောက်ပွဲနီးကပ်လာ ချိန်မှ ဆောင်ရွက်ချက်သည် နိုင်ငံ ရေး ရည်ရွယ်ချက်ကြောင့်ဟု ဝေ ဖန်သူအချို့လည်း ရှိသည်။

ရုရှားတွင်ထားရှိမည့် ကြေးသွန်း ...

၂၀၁၈ အတွင်းက ယင်းရုပ် ပွားတော်များနှင့် ပတ်သက်၍ သတိပေးအကြောင်း ကြားခဲ့သော် လည်း လိုက်နာမှုမရှိခဲ့၍ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားလာသော ကြောင့် ထေရဝါဒနှင့် မညီသောရုပ်ပွားတော်များ ဖယ်ရှားခြင်းကိုနေပြည်တော် သံဃနာယကအဖွဲ့ မှ ဆရာတော်ကြီးများက ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ပြီး သံဃကိစ္စကို သံဃာကသာ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ညွှန်ကြားရေး မှူးချုပ်က ရှင်းပြသည်။‘‘ဒီဥစ္စာတွေကတော့ ပိဋကတ်ပုံနဲ့ မကိုက်ညီဘူး။ ဒါကြောင့်ဒါကို ဖယ်ရှားပါဆိုပြီး နေပြည် တော် သံဃနာယကအဖွဲ့က ဆုံး ဖြတ်တယ်၊ အဲဆုံးဖြတ်ချက်အရ ဖယ်ရှားပေးတယ်၊ ဒီတစ်ခေါက် တော့ ဖယ်ရှားပေးတယ်’’ဟု ဦးမြင့်ဦးက ဆိုသည်။ရုပ်ပွားတော်များကို လှူဒါန်း သည့် အလှူရှင်များထဲတွင် ပါဝင်သည့် သူရဦးရွှေမန်းနှင့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကလည်း ၎င်းတို့နာမည် ဖြင့် လှူဒါန်းထားသည်ကိုပင် မသိရှိကြောင်း မီဒီယာအချို့အား ပြောဆိုထားကြသည်။

နေပြည်တော်မှ ယတြာချေ ထားသည့် ရုပ်ပွားတော်များကို ရွေးကောက်ပွဲနီးကပ်လာချိန်မှ ဖယ်ရှားခြင်းသည် နိုင်ငံရေးအရ ဂယက်ရိုက်မှုတစ်ခု ဖြစ်လာနိုင် သည့် အနေအထားဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

Ministry Of Religious Affairs Online Shopping

‘‘အဲဒါတွေ တည်ဆောက်ခဲ့ တဲ့ ကိစ္စလည်း ကျွန်တော်တို့ တိုင်းပြည်ရဲ့နိုင်ငံရေးအတွက် သိပ်အ ရေးမကြီးဘူးလို့ မြင်ပါတယ်။ ဒီကိစ္စ ဒီလိုအချိန်မျိုးမှာ လုပ်တယ်ဆိုတာကတော့ နိုင်ငံရေး သဘောထားတွေ နိုင်ငံရေးရည်ရွယ်ချက် တွေ ပါမယ်လို့ထင်ပါတယ်။ အဲဒါမျိုးတော့ ကျွန်တော်က မလုပ် သင့်ဘူးလို့ ထင်ပါတယ်ဗျ။ ကျွန်တော်က အဲဒါကို ထောက်ခံတာမဟုတ်ဘူး။ ဒီနေ့ဒီအခါကျမှ အဲဒီလိုကိစ္စတွေလုပ်လာတာနဲ့ပတ် သက်လို့ကတော့ ကျွန်တော်သိပ် ပြီး သဘောမကျဘူး’’ဟု ၎င်းက ပြောသည်။

ဖယ်ရှားခံရသည့် ရုပ်တု ၁၀၉ ဆူကို ပြုပြင်ရန် အချိန်တစ်လဝန်းကျင် ကြာမြင့်မည်ဖြစ်ပြီး ယင်းဘုရားဝင်းထဲရှိ ဘုရားဝင်း တွင် အနေကဇာတင်၍ ပြန်လည် ပူဇော်မည်ဖြစ်သောကြောင့် ယင်းပွဲတွင် သံဃနာယက ဆရာတော်များနှင့် အသိပေးဆောင်ရွက်မည် ဖြစ်ကြောင်း ကျောင်းတိုက်အကျိုး ဆောင် ဒေါ်စန်းစန်းမြင့်က ပြော သည်။

ကျောက်မဲမြို့တွင် စေတီတည်ရန် ...

အလှူရှင်များ၏ ကိုယ်ကျိုး စီးပွားအတွက် စီးပွားဥစ္စာအာဏာများရရှိစေရန် လောကီအစီအမံများ ပေါင်းစပ်၍ ရုပ်ပွားတော်များကို နေပြည်တော် ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက်၊ ပန်းခင်း (၃)နယ်မြေ စိန္တာမုနိကျောင်းဆရာတော် ဦးစန္ဒိမာသာရ ကျောင်းထိုင် သည့် စိန္ဒာမုနိမင်းဝံတောင် ဘုရားပရဝဏ်အတွင်း ပြုလုပ်စေ ခြင်းကြောင်း သာသနာရေးဦးစီး ဌာနက ဇူလိုင်ပထမပတ်က ထုတ်ပြန်ထားသည်။ယင်းရုပ်ပွားတော်များသည် မြန်မာနိုင်ငံတွင် ရိုးရာအစဉ်အ လာအရ ထုဆစ်ပုံဖော်ကာ ကြည်ညိုလျက်ရှိကြသော မုဒြာ ၅၅ မျိုးထဲတွင် ပါဝင်ခြင်းမရှိဘဲ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ကိုက်ညီမှုမရှိခြင်း၊ အခြားဘာသာ အယူဝါဒများ လွှမ်းမိုးရောယှက်နေခြင်း၊ ကြည်ညိုဖွယ်မဆောင်ခြင်း၊ မြင်ရသူတို့၏ ကြည်ညိုစိတ်ကို ထိခိုက်စေ ခြင်းကြောင့် မြတ်စွာဘုရားရှင် အေးချမ်းသည့်ပုံရိပ်နှင့် ဆန့်ကျင်နေကြောင်း ဖော်ပြထားသည်။ 7 Day