တိုင်းပြည်အတွက် အန္တရာယ်ကြီးသည့် သတင်းအမှားများပြုလုပ်ရန် နောက်ကွယ်မှ ငွေပုံပေးခိုင်းစေသူ မည်သူမဆို ဖော်ထုတ်အရေးယူသွားမည်ဟု သမ္မတရုံးပြော

တိုင်းပြည်အတွက် အန္တရာယ်ကြီးသည့် သတင်းတု၊ သတင်းမှားများကို Network ဖွဲ့ပြီး ဆောင်ရွက်ရန်နောက်ကွယ်မှ ငွေပုံပေးခိုင်းစေသည့် မည်သူမဆို ဥပဒေများနှင့်အညီ ဆောင်ရွက် မည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကသတိပေး ပြောကြားသည်။

နိုင်ငံရေးအရဖြစ်စေ၊ ရွေးကောက်ပွဲအရဖြစ်စေ၊ ဘာသာရေးအရ ဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ အန္တရာယ်ကြီးသည့်လုပ်ရပ်များ လုပ် ဆောင်ရန် Network ဖွဲ့၍ လုပ်လာသည်များကို တွေ့နေရသည်ဟု ဦးဇော်ဌေးကဆိုသည်။

လက်နက်ကိုင် ပဋိပက္ခကြောင့်နဲ့ အဖြေ ...

‘‘အရေးကြီးတာ ကျွန်တော်ပြောချင်ပါတယ်။ အဲဒီလိုမျိုးလုပ်တဲ့ ဟာက နိုင်ငံရေးအကျိုးအမြတ်အရ ရွေးကောက်ပွဲအရ ဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ အန္တရာယ်ကြီးတဲ့လုပ် ရပ်တွေလုပ်လာတဲ့ Network ဖွဲ့ပြီးလုပ်တဲ့ဟာပေါ့။ Network ဖွဲ့ပြီး လုပ်တယ်၊ တိုင်းပြည်အတွက် အန္တရာယ်ကြီးတဲ့ဟာတွေကို လုပ်လာ တယ်။ အဲဒီနောက်ကွယ်မှာ ငွေပုံပေးပြီးတော့ ခိုင်းစေတဲ့သူ၊ မည်သူ မဆို၊ မည်သူမဆို ကျွန်တော်တို့ဥပဒေနဲ့အညီ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ စသည်ဖြင့် သက်ဆိုင်ရာဥပဒေတွေရှိပါတယ်။ အဲဒါတွေနဲ့ငြိစွန်းသွားနိုင်တယ်။ အ ရေးယူတာတွေခံရနိုင်တယ်ဆိုတာ ကျွန်တော်တို့ သတိပေးတာ ဖြစ် တယ်’’ဟု ဦးဇော်ဌေးက ပြောသည်။

ဇူလိုင် ၁၇ရက်က နေပြည် တော်ရှိ သမ္မတအိမ်တော်တွင်ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

အထွေထွေရွေးကောက်ပွဲ ရွှေ့ဆိုင်း ...

လက်ရှိတွင်လည်း ဥပဒေ နှင့်ညီညွတ်မှုမရှိသည့် သတင်း တု၊ သတင်းမှားများပြုလုပ်နေသူ များကိုစုံစမ်းဖော်ထုတ်နေပြီး အ ချိန်တန်ပါက အသိပေးမည်ဟု ဦးဇော်ဌေးကဖြည့်စွက်ပြောကြား သည်။

‘‘နောက်တစ်ချက်အနေနဲ့ ပြောချင်တာက Freedon of Press ကို အာမခံတယ်။ ကိုယ်ယုံ ကြည်တဲ့ဟာပေါ့နော်။ သဘော ထားအမြင်ကို လွတ်လွတ်လပ် လပ်ရေးသားနိုင်တယ်၊ ဖော်ပြနိုင် တယ်’’ဟု ဦးဇော်ဌေးအသိပေး ရှင်းလင်းသည်။

ထို့အပြင် နေပြည်တော်အ သိုင်းအဝိုင်းဟု ၎င်းကိုယ်တိုင်ပြော ဆိုသုံးနှုန်းမှုအပေါ် ကျင့်ဝတ်သိက္ခာ နှင့် ရပ်တည်သည့် မီဒီယာ၊ သတင်းထောက်များကို ရည်ရွယ် ခြင်းမဟုတ်ကြောင်းနှင့် ရည်ရွယ် ချက်ရှိရှိ သတင်းတု၊ သတင်းမှား များကို ဂရု(ပ်)ဖွဲ့၍လုပ်ဆောင်နေသူများကိုသာ ဆိုလိုခြင်းဖြစ်သည် ဟု ဦးဇော်ဌေးက ရှင်းပြသည်။

ရုံးပိုင်းလုပ်ထုံးလုပ်နည်း လွဲ ...

‘‘အဲဒီတော့ နေပြည်တော်အ သိုင်းအဝိုင်းလို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့က ကျင့်ဝတ်နဲ့ညီတဲ့ မိန်းစထွင်းမီဒီယာတွေကို လေး စားတယ်။ အဲလူတွေကိုရည်ရွယ် ခြင်းမဟုတ်ဘူး။ တကယ့်ကိုမီဒီ ယာကို ယုံယုံကြည်ကြည်နဲ့ ခံယူ ချက်ကောင်းကောင်းနဲ့ လုပ်နေတဲ့ လူတွေကတစ်ပိုင်း၊ ဒီအပေါ်ကိုအ သုံးချပြီးအဖွဲ့အစည်းတွေ၊ ပါတီ တွေကနေ ဆွဲဆောင်စည်းရုံးပြီး တော့ ကမ်ပိန်းတွေပေါ့။ သတင်း တု၊ သတင်းမှားကမ်ပိန်းတွေလုပ် လာတာကတစ်ပိုင်း။ ဒါကိုတော့ ခွဲခွဲခြားခြားမြင်ဖို့လိုတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။

ယင်းသို့ပြောဆိုရာတွင်ကျင့် ဝတ်စံနှုန်းများသည်လည်း ပြဿ နာတစ်ခုဖြစ်လာပြီး ကိုဗစ်ကာလ အခက်အခဲ အကျပ်အတည်းဖြစ် ခဲ့သည့်အပြင် ကမ်းလှမ်းမှုများ အပေါ် တင်းမခံနိုင်သည့်အတွက် လည်းဖြစ်နိုင်သည်ဟု ၎င်းကပြော ကြားသည်။

တပ်မတော်က အာဏာသိမ်းမယ်လို့ မပြော ...

‘‘ဒီအချိန်မှာ ရွေးကောက်ပွဲ နဲ့ဆက်စပ်ပြီးတော့ ကမ်းလှမ်းမှု တွေရှိလာတယ်ပေါ့။ သတင်းတု၊ သတင်းမှားတွေနဲ့ ကမ်ပိန်းတွေ လုပ်ဖို့ဖြစ်စေပေါ့။ တရားဝင်မီဒီ ယာတစ်ခုထောင်ပြီးတော့ ဘက် မမျှတဲ့သတင်း ဖော်ပြချက်တွေ ပေါ့နော်။ ဒါမျိုးတွေဖြစ်စေပေါ့။ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ၊ ဒါမျိုးတွေကမ်းလှမ်း တဲ့အပေါ်မှာလည်း ကျွန်တော်တို့ တင်းခံဖို့တော့ခက်ပါတယ်။ ပြော ရရင်ကမ်ပိန်းမှာအထောက်အကူ ဖြစ်စေနိုင်တဲ့ ဥပမာအားဖြင့်လူထု ရဲ့ သဘောထားအမြင်တွေ ပြောင်းလဲသွားအောင် ဖန်တီးပေး တာပေါ့။ ဖန်တီးတဲ့အခါမှာ သ တင်းတုတွေ၊ သတင်းမှားတွေနဲ့ လုပ်တဲ့ဟာမျိုးကိုဆိုလိုတယ်။ အဲ ဒီပုဂ္ဂိုလ်မျိုးကိုဆိုလိုတယ်’’ ဟု ဦးဇော်ဌေးကဆိုသည်။

ဆက်လက်၍ ‘‘ကျွန်တော်တို့ မှာလည်း နံရံမှာနားရှိတယ်ဆိုတဲ့ အတိုင်းကြားပါတယ်။ ဘယ်သူ တွေ ဘယ်လိုစာချုပ်ချုပ်တယ်၊ သိန်းဘယ်နှထောင် ဘယ်လို တွေပေးတယ်၊ စသည်ဖြင့်ပေါ့။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကျွန်တော်တို့မှာလည်း အမြဲတမ်း ကြားနေရပါတယ်။ တချို့ဆိုရင် ကြောက်စရာကောင်းတဲ့ငွေကြေး ပမာဏပေါ့’’ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။ 7 Day