ဖားကန့်မြို့နယ်ရှိ ဝှေခါမှော်တွင် ၁၉ ရက်အတွင်း လေးကြိမ်မြောက်မြေပြို

မြေပြိုမှုကြောင့် လူအ များအပြားသေဆုံးခဲ့သော ဝှေခါ မှော်အနီးတွင် နှစ်ရက်ဆက်မြေပြို မှုထပ်ဖြစ်ခဲ့ရာ လူငါးဦးပါသွားခဲ့ သော်လည်း အသက်ဘေးမှလွတ် မြောက်ခဲ့သည်။

ဖားကန့်မြို့နယ် ဝှေခါကျေး ရွာရှိ ဝှေခါ‌မှော်တွင် ဇူလိုင်၁၉ ရက်နှင့် ၂၀ရက်က နှစ်ရက်ဆက် ‌ မြေပြိုမှုဖြစ်ပွားခြင်း ဖြစ်သည်။ ဇူလိုင် ၁၉ရက် မြေပြိုမှုတွင် လူမ နေသောအိမ်နှစ်လုံး ပါသွားခဲ့ သည်။ ဇူလိုင် ၂၀ရက် မြေပြိုကျမှု ဖြစ်စဉ်တွင် လူနေထိုင်ခြင်းမရှိ သည့် နေအိမ် ၁၂လုံး၊ သက်တမ်း ကုန်ရပ်နားထားသည့် လုပ်ကွက် အတွင်းမှ ကုမ္ပဏီအဆောင်နှစ် လုံးနှင့်ဘက်ဟိုးတစ်စီးတို့ မြေပြို မှုတွင်ပါဝင်သွားခဲ့သည်ဟု ဖား ကန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနက သ တင်းထုတ်ပြန်ထားသည်။

ဖားကန့်မြေပြိုမူ သေဆုံးသူ ၁၆၂ ဦး ...

‘‘လူတချို့ပါသွားပေမယ့်အ ဆင့်လိုက်ပြုတ်ကျတဲ့ သဘောမျိုး ကြောင့် အန္တရာယ်ကင်းစွာပြန် တက်လာနိုင်တာလို့ပြောတယ်’’ ဟု ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာအုပ်စု အမျိုးသားဒီမိုကရေစီဖွဲ့ ချုပ်ပါတီဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။

ယခု ပြိုကျသည့်နေရာသည် ဇူလိုင် ၂ရက်က မြေပြိုကျသည့်နေ ရာ၏ ထိပ်တည့်တည့်နေရာဖြစ် သည်။ ယင်းနေရာသည် ဇူလိုင် ၁၀ ရက်ကလည်း ‌မြေပြိုမှုထပ်ဖြစ် ခဲ့သောကြောင့် ဇူလိုင်လအတွင်း လေးကြိမ်မြောက် ပြိုကျခြင်းဖြစ် သည်။

ဖားကန့်မြေပြိုမှုဖြစ်စဉ်တွင် ...

‘‘လူငါးယောက်နေတဲ့ တန်း လျားလည်း မြေပြိုကျတဲ့အထဲပါ ပေမယ့် လူတွေကပြန်တက်လာ နိုင်တယ်’’ဟု ဖားကန့်မြို့မှ ဌာန ဆိုင်ရာအရာရှိတစ်ဦးက ပြော သည်။

ယင်းနေရာအနီးရှိ နေအိမ် နှင့် လမ်း‌နေရာများအားလုံးသည် ‌မြေပြိုရာတွင်ပါနိုင်သည့် အနေ အထားရှိနေသောကြောင့် စုစု ပေါင်းနေအိမ် ၈၅လုံးအား လူနေ ထိုင်ခြင်းမပြုဘဲ အမြန်ဆုံးပြောင်း ရွှေ့ရန် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ညွှန်ကြားထားသည်။

ဖားကန့်မြေပြို ၁၃ ဦးသေဆုံး

လူများသည် အခြားနေရာ တွင် သွားရောက်နေထိုင်ချိန် မြေ ပြိုကျခြင်းဖြစ်၍ ယခုတစ်ကြိမ် တွင် လူသေဆုံးမှုမရှိခဲ့ခြင်းဟု ဒေ သခံများကပြောသည်။

ဇူလိုင် ၂ရက် နံနက်ကဝှေခါ မှော် ပြိုကျသည့်ဖြစ်စဉ်သည် ဖား ကန့်သမိုင်းတစ်လျှောက် လူအ သေအပျောက် အများဆုံးဖြစ်ခဲ့ သည်။ သေဆုံးသူ ရုပ်အလောင်း ၁၇၄ လောင်း၊ ဒဏ်ရာရသူ ၅၄ဦး ရှာဖွေတွေ့ရှိခဲ့သည်။ ပျောက်ဆုံး စာရင်းသာရှိပြီး ရှာမတွေ့သူ ၂၀ ဦးရှိနေသည်။ သေဆုံးသူ အရေ အတွက်သည် ယင်းပမာဏထက် များပြားသည်ဟု ‌မြေစာပုံပြိုကျ မှုကို မျက်မြင်တွေ့ခဲ့သည့် ဖား ကန့်ဒေသခံများက ‌ပြောသည်။

ဖားကန့်မြေပြိုမှုတွင် သေဆုံးမှု ...

ဖားကန့်ဒေသတွင် မိုးတွင်း ကာလ၌မြေပြိုမှုဘေး စိုးရိမ်စရာ ဖြစ်နေပြီး အန္တရာယ်မကြုံခင်ကြို တင်ကာကွယ်ရန် အရှိန်မြှင့် ဆောင်ရွက်သင့်သည်ဟု ဒေသခံ များကမှတ်ချက်ပြုသည်။ 7 day