တေးသံရှင် မီးမီးခဲ ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

တေးသံရှင် မီးမီးခဲအတွက် ကင်ဆာရောဂါတိုက်ဖျက်ရေး ဆုံးရှုံးနေပြီလို့သိရကာ ဩစတြေးလျမှ ဆရာဝန်ကြီး များကိုယ်တိုင်ကလည်း မျှော်လင့်ချက်မဲ့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

Image may contain: 2 people, people sitting

မီးမီးခဲဟာ မိသားစုနဲ့အတူ ဩစတြေးလျနိုင်ငံမှာ အခြေချနေထိုင်နေတာဖြစ်ပြီး ကင်ဆာရောဂါကုသမှုအတွက် ဩစတြေးလျနိုင်ငံမှ ဆရာဝန်ကြီးတွေနဲ့အထူးကြပ်မတ်ကုသနေတာဖြစ်ပေမဲ့ ကင်ဆာဆဲလ်တွေဟာ ရင်သား မှတစ်ဆင့် ဦးနှောက်နှင့် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေပြီဖြစ်တာကြောင့် ကင်ဆာဝေဒနာကို ပြင်းထန်စွာခံစားနေရ တယ်လို့သိရပါတယ်။

Image may contain: 2 people, people standing and shoes

“ ဩစတြေးလျ မှာ ကင်ဆာရောဂါတိုက်ဖျက်ရေးဆုံးရှုံးနေတဲ့ ကျွန်မရဲ့ ချစ်ရသော ဝမ်းကွဲအစ်မ မီးမီးခဲ အတွက် ကျေးဇူးပြုပြီး ဆုတောင်းပေးပါ။ ဆရာဝန်တွေကလည်း မျှော်လင့်ချက်ကင်းမဲ့နေကြတယ်။ သခင် သူ့ကိုအကာ အကွယ်ပေးပါစေ” အစရှိတဲ့စာသားများကို Parwaiz Win က သူ့ရဲ့လူမှုကွန်ရက်မှတဆင့် တေးသံရှင် မီးမီးခဲရဲ့ ပုံနှင့်တကွ ဖော်ပြအသိပေးခဲ့တာပါ။

Image may contain: 1 person, outdoor

တေးသံရှင် မီးမီးခဲ့ဟာ ၂၀၁၇ ခုနှစ်မှာ ရင်သားကင်ဆာအဆင့် ၄ ဝေဒနာကို ခံစားခဲ့ရတာကြောင့် ဆေးကုသ မှုခံယူခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ နောက်ဘက်ဦးခေါင်းနဲ့ ညာဘက်ဦးခွံတို့မှာ ကင်ဆာဆဲလ်တွေထပ်မံ ပေါ်ခဲ့တာ ကြောင့် ဓါတ်ရောင်ခြည်ကုသနည်းတွေအသုံးပြုကာ ဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အစပိုင်း မှာလည်း ကင်ဆာဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို ပြင်းထန်စွာခံစားခဲ့ရတာကြောင့် လမ်းလျှောက်ဖို့တောင် အဆင်မပြေတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

Image may contain: one or more people, selfie, closeup and indoor
အခုလက်ရှိမှာလည်း မီးမီးခဲဟာ ကင်ဆာတိုက်ဖျက်ရေး ကျရှုံးနေပြီဖြစ်ကာ ဆရာဝန်ကြီးတွေကိုယ်တိုင်လည်း မျှော်လင့်ချက်မဲ့နေရပြီဖြစ်တာကြောင့် ချစ်ရတဲ့ပရိသတ်ကြီးမှ ဆုတောင်းမေတ္တာပို့ပေးပါလို့ တောင်းဆိုခဲ့ပါ တယ်။ပရိသတ်တွေချစ်ရတဲ့ တေးသံရှင် မီးမီးခဲ ခံစားနေရသမျှဝေဒနာတွေ လျော့ပါးသက်သာ ပျောက်ကင်းပါစေ။ အမြန်ဆုံး ကျန်းမာပါစေလို့ အကုန်သိသတင်းဌာနမှ ဆုတောင်းလိုက်ပါတယ်။