ဆရာဝန်တွေကတောင် မျှော်လင့်ချက်ကင်းမဲ့နေတဲ့ မီးမီးခဲရဲ့ ကျန်းမာရေးအခြေအနေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မီးမီးခဲကတော့ ကင်ဆာရောဂါဝေဒနာကို ခံစားနေရတာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ မီးမီးခဲက ကင်ဆာရောဂါအတွက် စိတ်ဓာတ်ခိုင်မာစွာနဲ့ ဆေးကုသမှုကို သေသေချာချာ ခံယူခဲ့ပြီး သက်သာနေခဲ့ပေမဲ့ (၃)လ (၁)ကြိမ် ဆေးစစ်ကုသမှုကိုတော့ ဆက်လက်ခံယူနေခဲ့ရစဲဖြစ်ပါတယ်။

လတ်တလောမှာတော့ မီးမီးခဲရဲ့ ရောဂါအခြေအနေတွေက ပြန်လည်ဆိုးရွားလာခဲ့ပြီး ဆေးရုံမှာဆေးကုသမှုခံယူနေရပါသေးတယ်။ မီးမီးခဲရဲ့ လတ်တလော ကျန်းမာရေးအခြေအနေကတော့ စိုးရိမ်နေရတဲ့အခြေအနေကို ရောက်ရှိနေကြောင်း “”Please pray for my lovely cousin sister Mee Mee Khel who is losing her fight against cancer in Australia. It came back and the doctors are losing hope. May the lord protect her. “လို့ဆိုပြီး ညီမဖြစ်သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

အခုလို ကုသပေးနေတဲ့ ဆရာဝန်တွေကတော့ မျော်လင့်ချက်ကင်းမဲ့ နေခဲ့တဲ့ မီးမီးခဲရဲ့ ကျန်းမာရေးအခြေနေကတော့ မီးမီးခဲကို ချစ်တဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်နေကြမှာပါ။ မီးမီးခဲရဲ့ ကျန်းမာရေးအခြေအနေတွေပြန်လည်ကောင်းမွန်လာမို့ ပရိသတ်ကြီးတွေက ဝိုင်းဝန်းဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။