အသက် (၆)နှစ်အရွယ် လူနာအမှတ်(၃၁၈) ဆေးရုံမှဆင်းပြီ

အသက် (၆) နှစ်အရွယ်  လူနာအမှတ်(၃၁၈)သည် နှစ် ကြိမ်ဆက်ပိုး မတွေ့သည့်အတွက်  ဇူလိုင် ၂၅ရက်နံနက်တွင် ဆေးရုံ မှ ဆင်းခွင့်ပြုခဲ့ကြောင်း တီးတိန် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ဇမ်ကျင်က အတည်ပြုပြော ကြားသည်။

အိန္ဒိယနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော အဆိုပါက လေးငယ်ကို ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ဇူလိုင် ၉ ရက်တွင် အတည်ပြုလူနာအမှတ် (၃၁၈)အဖြစ် ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၁၀ရက်တွင် တီးတိန်ဆေး ရုံ၌ ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

‘‘လောလောဆယ် သူ့ကို (လူနာအမှတ် ၃၁၈) ဆေးရုံဝင်း ထဲက အဆောင်တစ်ခုကို ပြောင်း ထားပေးတယ်။ အရင်သူနေခဲ့တဲ့ အခန်းရဲ့ မျက်နှာချင်းဆိုင်နားမှာ ပဲ ရွှေ့ပေးလိုက်တယ်’’ဟု ဒေါ်ဇမ် ကျင်က ပြောသည်။

ကလေး၏မိခင်ဖြစ်သူ အ သက် (၅၄) နှစ်အရွယ်အမျိုးသမီး မှာ ဆေးရုံသို့ကလေးနှင့်အတူ လိုက်နေခဲ့ရပြီး ၎င်းထံသို့ရောဂါ ကူးစက်ခံရသဖြင့် ဇူလိုင် ၁၉ ရက် တွင် အတည်ပြုလူနာအမှတ် (၃၄၁)အဖြစ် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။

အသက် (၆) နှစ်အရွယ် လူနာအမှတ်(၃၁၈ ...

‘‘ကလေးရဲ့မိခင်ကတော့ အတည်ပြုလူနာအဖြစ်နဲ့ ဆေးကု သမှုခံယူနေရတုန်းပဲ။ ကလေးမှာ  ပိုးမတွေ့တော့ဘူးဆိုတော့ ဆေး ရုံကွာရန်တင်း နှစ်ပတ်နေပြီးရင် အိမ်ပြန်ခွင့်ရပြီ’’ဟု တီးတိန်မြို့ နယ် ကျန်းမာရေးမှူးအဆင့်(၁)  ဒေါ်ဇမ်ကျင်က ဆိုသည်။

အထက်ပါ လူနာကလေး ငယ်အား ဆေးရုံစတက်သည့်နေ့ တွင် တီးတိန်ဆေးရုံအုပ်ကြီးနှင့်  ဝန်ထမ်းများက ဆော့စရာကား ရုပ်များပေးအပ်ခဲ့သည့်အပြင် ယ ခုဆေးရုံဆင်းချိန်၌လည်း ကလေး စီးစက်ဘီးတစ်စီးကိုပါ စီစဉ်ထား ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဝန် ထမ်းများက ပြောသည်။

အသက်(၆)နှစ်အရွယ်လူနာအမှတ်(၃၁၈)ကလေး ...

ထို့ပြင် ကလေး၏ ခန္ဓာကိုယ် တွင် စူပါမန်းဝတ်စုံနှင့်အတူ ကျောပိုးအိတ်တစ်လုံးကိုလည်း စီစဉ်ပေးခဲ့သည်။