ထောင်ထဲမှာ အခက်အခဲဖြစ်နေတဲ့ရသအတွက် ငွေကြေးကူညီပေးခဲ့တဲ့ အနုပညာရှင်တွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ယုန်လေး

ရင်ဘတ်ထဲက ခံစားချက်အစစ်တွေနဲ့ သီချင်းကောင်းတွေသီဆိုခဲ့တဲ့ အဆိုတော် ရသ ကိုတော့ ပရိသတ်တွေ မေ့နိုင်မယ်မထင်ပါဘူးနော်။ သူကတော့ မူးယစ်ဆေးမှုနဲ့ ထောင်ကျနေခဲ့တာ နှစ်အတော်ကြာနေပြီဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ယုန်လေးက သူငယ်ချင်းဖြစ်သူရဲ့အဆင်မပြေမှုတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။


ရသရဲ့မိဘတွေကတော့ အသက်ကြီးနေပြီမို့ ထောင်ဝင်စာသွားမတွေ့နိုင်တော့တဲ့အပြင် ထောင်ဝင်စာမလာနိုင်တဲ့ထောင်သားတွေ ဘယ်လောက်အဖိနှိပ်ခံရကြောင်းနဲ့ ရသတစ်ယောက် အိုးဖိုထောင်မှာ နေတာကြာလို့ အဆင်ပြေနေခဲ့ပေမယ့် မြင်းခြံထောင်ကို ညဘက်ကြီးပြောင်းခဲ့ရကြောင်း၊ မိဘများလည်း စိတ်သောကရောက်နေရတာမို့ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကို တတ်နိုင်သမျှကူညီပေးကြဖို့ ယုန်လေးရဲ့လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ ဒီနေ့မှာတော့ သူငယ်ချင်း ရသ အတွက် မထင်မှတ်ထားလောက်အောင် ကူညီပေးခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့အလှူကို မျှဝေလာပါတယ်။


ကို Sai Sai Kham Leng ငါကူတာ မပြောပါနဲ့ ကွာဆိုပြီး (၁၀) သိန်း ကူသွားပါတယ် . နောက်(၂) ယောက် ငါတတ်နိုင်သလောက်ကူတာ သူကြိုက်မှာ မဟုတ်ဘူး ထင်တယ် ဆိုပြီး Exampleထွန်းထွန်း (၁)သိန်း . သက်အောင် (၅) သောင်း ကူသွားပါတယ် .သူရဲ့ အချစ်ဆုံး ညီမ တပည့်တွေလိုလည်း ပြောလို့ရပါတယ်.အများကြီး ကူချင်တာပါ . Covid မှာ အကုန် အဆင်ပြေသလို ဖြတ်သန်း နေရလိုပါဆိုပြီး စိတ်မကောင်းစွာနဲ့ Jenny (၂) သိန်း . Sandy Myint Lwin (၁) သိန်း၊ Ah Boy (၂) သိန်း၊ No အဖွဲ့ က ရတနာလင်း (၁)သိန်း၊ Mandalay က ရသ ပရိတ်သတ်ပါ ဆိုပြီး Tootti Henry လက်ဝှေ့(၁) သိန်း ကူသွားပါတယ်” ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက် အခက်အခဲကြုံချိန်မှာ ဝိုင်းဝန်းကူညီခဲ့ကြတဲ့ ဂီတမောင်နှမတွေတွေ ဒီထက်မက အလုပ်တွေအဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


Source – Yone Lay