မီးလောင်ပြင်သို့သွားသည့် မီးသတ်ကား လမ်းပြောင်းပြန်ကြောင့် အိမ်စီးကားကိုတိုက်မိ၍ လျော်ကြေးကျပ်သိန်း ၃၀ ပေးရ

မီးလောင်ပြင်သို့ လမ်းပြောင်းပြန်မောင်း၍ အမြန်မောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ခဲ့သော ကြောင့် တစ်ဖက်ယာဉ်ကို လျော် ကြေးသိန်း ၃၀ ပေးခဲ့ရကြောင်း ရွှေပြည်သာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့တပ်ခွဲမှူး ကိုတေဇာဝင်းက ပြောသည်။

‘‘ရွှေပြည်သာကွေ့ကို မရောက်ခင် ယာဉ်ကြောကို ကြည့်လိုက်တာ ဒီဘက်ရော၊ ဟိုဘက်ရောမှာ ယာဉ်တွေက ရပ်ထားပေးတော့ မီးပွိုင့်နီပေးထားတယ်ထင် ပြီး တစ်ဖက်ယာဉ်ကြောကနေ ထွက်လိုက်တာ။ ထွက်တဲ့အချိန်မှာ တစ်ဖက်က ဝိုက်တက်လာတော့ ကျွန်တော်တို့ကား ဘေးခြမ်းကို ဝင်တိုက်မိသွားတာ’’ဟု ဇူလိုင် ၂၅ ရက်က ယာဉ်တိုက်မှုဖြစ်စဉ်ကို ကိုတေဇာဝင်းက ပြောသည်။

ဇူလိုင် ၂၅ ရက် ည ၁၁ နာရီခန့်က လှိုင်သာယာ (၂၀) ရပ်ကွက်၌ မီးလောင်၍ Level-1 အဆင့် မီးငြှိမ်းသတ်ယာဉ်များ စေလွှတ်ခဲ့ သည်။ ထို့ကြောင့် ရွှေပြည်သာ အရန်မီးသတ်မှ မီးသတ်ကားမှာ မီးလောင်မှုဖြစ်သည့် နေရာသို့ သွားရောက်ရာတွင် ယာဉ်တိုက် မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ယာဉ်မှူးစစ်ကတော့ ပြောတယ်။ ကျွန်တော်တို့က လမ်း ပြောင်းပြန်ဖြစ်နေတဲ့အကြောင်း၊ အိမ်စီးကားကလည်း မီးပွိုင့်က အရေးပေါ်ကားဖြတ်လာလို့ နီ ထားတာမဟုတ်ဘူး။ ပုံမှန်အတိုင်း ပဲ အဲဒီဘက်ယာဉ်ကြောကို မီး စိမ်းပေးတဲ့အတွက် ဖြတ်တာသူမှန်တယ်။ ကျွန်တော်တို့ မှားတယ်ဆိုတဲ့ ပုံစံပြောတယ်။ အထက် လူကြီးတွေကလည်း အကုန်လုံး အမှုတွေမဖြစ်အောင် ညှိခိုင်းလို့ကားလေးရဲ့ တန်ဖိုးကိုဖြတ်ပြီး လျော်ပေးခဲ့ရတယ်’’ဟု ကိုတေဇာ ဝင်းက ပြောသည်။

Image may contain: car and outdoor

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဥပဒေ၌ မီးလောင်မှုဖြစ်ပွားရာ တွင် သဘောရိုးဖြင့် မီးငြှိမ်းသတ်ခြင်းကြောင့် ဖြစ်ပေါ်သည့်ပျက်စီး ဆုံးရှုံးမှုအတွက်လည်းကောင်း၊ မီးငြှိမ်းသတ်ရန် မီးသတ်ယာဉ် များကို မောင်းနှင်ထွက်ခွာရာတွင် နည်းလမ်းတကျ မောင်းနှင်ပါ လျက် မတော်တဆဖြစ်ပွားမှုအ တွက်လည်းကောင်း၊ မည်သူကိုမျှ ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုခွင့်မရှိစေရဟု ပြဋ္ဌာန်းထားသည်။

ယင်းကဲ့သို့လျော်ကြေးပေးရသည့် အချိန်တွင် ၎င်းတို့ အရန်မီးသတ် တပ်ဖွဲ့အနေဖြင့် လျော်ရမည့် ငွေပမာဏမရှိသောကြောင့် ချေးငှား၍ ကနဦးအနေဖြင့် ကျပ်သိန်း ၂၀ ပေးထားကာ ကျန် ၁၀ သိန်းထပ်ပေးရန် ရက်ချိန်းပေးထား ကြောင်း ကိုတေဇာဝင်းက ဆို သည်။

Image may contain: car and outdoor, text that says 'LAXI 6348 SHOT ON REDMI 7 AI DUAL CAMERA 2020/7/25 13:45'

ရွှေပြည်သာ အရန်မီးသတ် တွင် အမာခံအင်အား ၁၇ ဦးရှိပြီးကိုယ်ထူကိုယ်ထစခန်းဖြစ်သော ကြောင့် စခန်း၏ လိုအပ်ချက်များ ကို အမာခံများက လစဉ်ငွေကြေးကောက်ခံကာ အသုံးပြုခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

‘‘မီးသတ်က ကျွန်တော်တို့မြို့နယ်မှူးက ကျေအေးဖို့ တောင်း ပန်ပြီး လုပ်ဆောင်သွားတယ်၊ လျော်တာတွေကတော့ ကျွန်တော်တို့စခန်းကပဲ တာဝန်ယူလုပ်ရ တာ’’ဟု ကိုတေဇာဝင်းက ပြော သည်။

Image may contain: outdoor

ထို့ကြောင့် ရွှေပြည်သာ အရန်မီးသတ်တပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ချေးငှား၍ ပေးထား သည့် လျော်ကြေးငွေများနှင့် မီးသတ်ကားပြင်ဆင်နိုင်ရန် တတ် နိုင်သလောက် ကူညီနိုင်ချင်သူ များအနေဖြင့် လှူဒါန်းနိုင်မည့် ဘဏ်အကောင့်များ ကြေညာ ထားသည်။ 7Days