လျှပ်စစ်ယူနစ်များ သက်သာခွင့်ပေးချိန်တွင် မီတာခအဆမတန်များပြားနေ၍ လျှပ်စစ်ဌာနကို ယုံကြည်မှုကင်းမဲ့ပြီး အစိုးရပုံရိပ်လည်း ထိခိုက်သည်ဟု လွှတ်တော်အမတ်ဝေဖန်

COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် လျှပ်စစ်ယူနစ်များ သက်သာခွင့်ပေးထားချိန် တွင် လျှပ်စစ်ယူနစ်များနှင့် ဓာတ်အားခမှာ အဆမတန်များပြားနေ ခြင်းကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဌာနအပေါ် ယုံကြည်မှု ကင်းမဲ့စေပြီး အစိုးရပုံရိပ်ကို လည်း ထိခိုက်စေကြောင်း ဇူလိုင်၃၀ ရက်က ပြုလုပ်သည့် အမျိုး သားလွှတ်တော်၌ ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

Information and Public Relations Department

‘‘ယူနစ်အလိုက်ဈေးနှုန်းကွာ ခြားတော့ ပိုမိုကျသင့်သွားခဲ့ပြီး တော့ တစ်နိုင်ငံလုံး အနှံ့မကျေနပ် သံတွေ သောသောညံခဲ့ပါတယ်။ ဒါဟာ လျှပ်စစ်ဌာနအပေါ် အယုံကြည်ကင်းမဲ့စေသလို အစိုးရရဲ့ပုံရိပ်ကိုလည်းများစွာ ထိခိုက်စေပါတယ်’’ဟု မန္တလေးတိုင်းဒေသ ကြီး မဲဆန္ဒနယ် (၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီအတွင်း၌ အစိုးရမှ လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့ ကင်းလွတ်ခွင့် ပေးခဲ့သော် လည်း ယခင်လများထက် မီတာခနှုန်းထားများ အဆမတန်များပြား ခဲ့ခြင်းကြောင့် ဝေဖန်မှုများစွာ ရှိခဲ့ သည်။

လျှပ်စစ်ဓာတ်အားခများ ကောက်ခံရန်အတွက် မီတာဖတ်ခြင်း၊ တွက်ချက်ခြင်း ကောက်ခံခြင်းစနစ်များသည် လူ၏ လုပ်အားကိုသာ အသုံးပြုကောက်ခံနေ ရ၍ ပြဿနာများ မကြာခဏဖြစ် ပေါ်နေသဖြင့် ခေတ်မီအဝေးထိန်း မှတ်တမ်းတင်စနစ် (AMI)စနစ် ကို ကျယ်ပြန့်စွာ အသုံးပြု၍ ကောက်ခံရန် အစီအစဉ်ရှိ၊ မရှိကိုမန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်မီတာယူနစ်များနေမှု ...

လျှပ်စစ်သုံးစွဲသူနှင့် ဝန်ထမ်း အချို့သည် အပေးအယူပြုလုပ်၍ လျှပ်စစ်မသမာမှု ခိုးယူသုံးစွဲနေ ကြမှုများလည်း ရှိနေပြီး လျှပ်စစ်မီတာဖတ်သည့် ဝန်ထမ်းများက ဖတ်ရှုလာသည့် ယူနစ်များကို လည်း လျှပ်စစ်ရုံးရှိ စာရင်းကိုင် ဝန်ထမ်းများက အဆင့်ဆင့်သော ပုံစံစာရွက်များဖြင့် ရေးသွင်းခြင်း တွက်ချက်ခြင်းများကိုလည်း လူနှင့်သာ အဓိကထား လုပ်ဆောင်နေရသဖြင့် အမှားအယွင်းများနှင့် အားနည်းချက်များလည်း ဖြစ်ပေါ် ရခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

‘‘ဒါတွေကို လျော့နည်းသက်သာစေဖို့ဆိုရင် ခေတ်မီမီတာဖတ် ရှုတွက်ချက်တဲ့ AMI စနစ်ကို ပြောင်းလဲအသုံးပြုဖို့ လိုအပ်လာ ပြီလို့ ဖြစ်ပါတယ်’’ဟု ဦးထွန်း ထွန်းဦးက ပြောသည်။

ယူနစ်ကွဲလွဲမှု မရှိရန် အိမ်တိုင်ရာ ...

ယခင်တပ်ဆင်ထားသည့် ရှေးကျသော Analog မီတာများ၊ရပ်ပျက်နှေးမီတာများ လဲလှယ် ခြင်း၊ ထပ်မံတပ်ဆင်ရန် လိုအပ် သော နေရာများအတွက် ခေတ်မီအဝေးထိန်း မှတ်တမ်းတင်စနစ်(AMI)နှင့် တွဲဖက်အသုံးပြုနိုင် သည့် Smart မီတာများကို ဝယ် ယူအသုံးပြု၍ AMI စနစ်ကို တစ် ဆင့်ချင်း ပြောင်းလဲအသုံးပြုရန် စီစဉ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးခင်မောင်ဝင်းက ဆိုသည်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ...

‘‘လူကြောင့် ဖြစ်ပေါ်တဲ့ လွဲမှားမှုများမရှိအောင်ကိုလည်း ဌာနမှ အလေးထားထိန်းသိမ်းကွပ် ကဲပြီးတော့မှ စီစဉ်ဆောင်ရွက် ပေးလျက်ရှိနေပါတယ်’’ဟု ၎င်း က ပြောသည်။

AMI စနစ်ကို တပ်ဆင်အသုံး ပြုမည်ဆိုပါက မီးသုံးစွဲသူများ လက်ရှိအသုံးပြုနေသည့် စမတ်ဖုန်းများမှ မိမိတို့၏ မီတာသုံးစွဲမှုကိုအချိန်နှင့် တစ်ပြေးညီကြည့်ရှုနိုင် ခြင်း၊ ဗို့အားအခြေအနေနှင့် အချိန်သုံးစွဲသည့်အချိန် ဝန်အားကို လည်း အလိုအလျောက်မှတ်တမ်း တင်နိုင်သည်ဖြစ်၍ မသာမှုများနှင့် လုပ်ကိုင်နေမှုများကိုလည်း အချိန်နှင့် တစ်ပြေးညီ ဖော်ထုတ်ပေးနိုင် ကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။