ကျပ်သိန်းတစ်သောင်းခွဲဆု တာမွေတွင် နေထိုင်သည့် အမျိုးသားတစ်ဦး ဆွတ်ခူး

(၁၈) ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှ အမြင့် ဆုံး ကျပ်သိန်းတစ်သောင်းခွဲဆု အား တာမွေမြို့နယ်တွင်နေထိုင် သည့် ကိုကျော်စွာက ဆွတ် ခူးခဲ့သည်။ကိုကျော်စွာသည် ‘ကဃ ၆၄၃၄၂၅’ ထီလက်မှတ် ဖြင့် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ထီဆု ဆွတ်ခူးသူသည် ကျောက်မြောင်းကားပွဲစားတန်း တွင် ကားဝယ်ရောင်းပြုလုပ်သူ ဟု ယင်းနေအိမ်ဝန်းကျင်တွင်နေ ထိုင်သူအချို့က ပြောသော်လည်း ၎င်း၏မိသားစုထံမှ အတည်ပြု ချက်မရပေ။

‘‘ကျောက်မြောင်းကားပွဲစားတန်းထဲကနေ ပေါက်သွားတာ တော့ဟုတ်တယ်’’ ဟု အဆိုပါထီ လက်မှတ်ရောင်းချခဲ့သည့် မဟာ အောင်ကုဋေဟိန်းထီဆိုင်ပိုင်ရှင် ဦးသိန်းထွန်းကပြောသည်။ကျပ်သိန်းတစ်သောင်းခွဲဆု ရှင်အား ယမန်နေ့ကသွားရောက် တွေ့ဆုံမေးမြန်းရာ အပြင်ရောက် နေသည့်အတွက်ဟုဆိုကာ တွေ့ ခွင့်မရခဲ့ပေ။

အဆိုပါ ကျပ်သိန်းတစ် သောင်းခွဲထီလက်မှတ်မှာ ရွှေမြန် မာ၊ မဟာအောင်ကုဋေဟိန်းထီ ဆိုင်မှ ထွက်ရှိခဲ့ရာ ရွှေမြန်မာထီ အုပ်စုမှ ထီဖွင့်လှစ်မှု(၁၈)ကြိမ် အတွင်း ရှစ်ကြိမ်မြောက် ကျပ် သိန်းတစ်သောင်းခွဲ ဆုလက်မှတ် ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

DVB - (၁၈)ကြိမ်မြောက် ကျပ်သိန်းတစ် ...