ဒေါ်အောင်ဆန်းစုကြည် ဖျားနာခြင်းမရှိ၊ ကျန်းမာရေး ကောင်းမွန်ဟု အတိုင်ပင်ခံရုံးပြော

နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ကျန်းမာရေးအခြေအနေ အားလုံးကောင်းမွန်ပြီး ဖျားနာခြင်းမရှိကြောင်း အတိုင် ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦး ဇော်ဌေးက ပြောသည်။

‘‘နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ကျန်းမာရေးအ ခြေနေ အားလုံးကောင်းပါတယ်။ ဘာမှ ဖျားခြင်းနာခြင်းမရှိဘူးပေါ့ နော်’’ဟု ၎င်းက သြဂုတ် ၁ ရက်တွင် နေပြည်တော်ရှိ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

လူမှုကွန်ရက်တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နှင့် ပတ် သက်၍ မဟုတ်မမှန် သတင်းများ ထွက်ပေါ်နေ၍ ယခုလို ပြည်သူ များသို့ အသိပေးပြောကြားခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းပြ သည်။လူမှုကွန်ရက်စာမျက်နှာများ တွင် ကျန်းမာရေးအခြေအနေဆိုး ရွားလာသောကြောင့် ဒေါ်အောင် ဆန်းစုကြည်အား နေပြည်တော်ရှိ ဆေးရုံတစ်ခု၌ အထူးကြပ်မတ်ကုသမှုခံနေရဟု သတင်းအမှားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကဗျာ ...

အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်တွင် နိုင်ငံတော်အကြီးအကဲများနှင့် ပက်သက်၍ သတင်းအမှားများ၊ ချဲ့ကားပြောဆိုထားသည့် သတင်းများ ထွက်ပေါ်နေသည်။ထိုသို့သတင်းအမှားများ ထွက်ပေါ်နေမှုအား သမ္မတရုံးက စောင့်ကြည့်နေပြီး လိုအပ်ပါက အရေးယူမှုများလည်း ပြုလုပ်မည်ဟု ဦးဇော်ဌေးက ပြောဆိုထားသည်။

We.com.mm - ဂျပန်အလယ်တန်းဖတ်စာအုပ်တွင် ...