ရန်ကုန်တိုင်းအတွင်း ထန်းတပင်မြို့နယ်၌ သွေးလွန်တုပ်ကွေးအများဆုံးဖြစ်ပွားနေ

ရန်ကုန်တိုင်းတွင် ထန်းတပင်မြို့နယ်သည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံး ဖြစ်ပြီး ၃၉ ဦးရှိကြောင်း တိုင်း ကျန်းမာရေးဦးစီးဌာနက အသိ ပေးထုတ်ပြန်သည်။ယခုနှစ်စမှ ဇွန်လ ၂၇ ရက် အထိ ရန်ကုန်တိုင်းတွင် သွေးလွန် တုပ်ကွေးဖြစ်ပွားသူ ၃၁၃ ဦးရှိ သည့်အနက် ထန်းတပင်မြို့နယ် သည် ဖြစ်ပွားသူ ၃၉ ဦးဖြင့် အများဆုံးဖြစ်သည်။

ခြင် '' ချိုမြိန်သှားထိန်းချုပ်ရေး ...

ထန်းတပင်မြို့နယ်သည် ရန်ကုန်တိုင်းအတွင်း သွေးလွန် တုပ်ကွေးဖြစ်ပွားမှုအများဆုံး ၁၀ မြို့နယ်တွင် ပါဝင်နေသကဲ့သို့ တစ်နိုင်ငံလုံး၌ ဖြစ်ပွားမှုအများ ဆုံး မြို့နယ် ၂၀ ထဲတွင်လည်း ပါဝင်နေသည်။

ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံး ၁၀ မြို့နယ်မှာ ထန်းတပင်တွင် ၃၉ ဦး၊ တောင်ဒဂုံတွင် ၂၉ ဦး၊ ရွှေ ပြည်သာတွင် ၁၇ ဦး၊ မြောက် ဒဂုံတွင် ၁၆ ဦး၊ ဒလတွင် ၁၅ ဦး၊ လှိုင်သာယာတွင် ၁၄ ဦး၊ အင်းစိန် တွင် ၁၃ ဦး၊ သင်္ဃန်းကျွန်းတွင် ၁၂ ဦး၊ မြောက်ဥက္ကလာပတွင် ၁၁ ဦးနှင့် သာကေတတွင် ၁၀ ဦးဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူ ထုအားလုံး ခြင်ကျားပိုးလောက် လမ်း နှိမ်နင်းရေးလုပ်ဆောင်ခြင်း၊ ပညာပေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊ ရောဂါဖြစ်ပွားသည့်နေ ရာများတွင် ခြင်ကျားနှိမ်နင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင် ရွက်နေသည်။သွေးလွန်တုပ်ကွေးရောဂါ သည် အေးဒိစ်ခြင်ကျားကိုက်ခံရ ခြင်းမှ ဖြစ်ပွားသည်။ ရာသီဥတု မရွေးဖြစ်ပွားပြီး မိုးရာသီတွင်ပိုမို ဖြစ်ပွားတတ်သည်။ ယခင်က ကလေးများတွင် ဖြစ်ပွားလေ့ရှိ သော်လည်း ယခုအခါ လူကြီးများ တွင်ပါ ဖြစ်ပွားလာသည်။

သွေးလွန်တုပ်ကွေးဖြင့်သေဆုံးမှုနှုန်း ကပ် ...

ယင်းရောဂါသည် ဖျားခြင်း၊ အနီစက်ထွက်ခြင်း၊ ဖျားနေစဉ် ပျို့အန်ခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်ကာ ထိုမှတစ်ဆင့် သုံး ရက်မှ ငါးရက်အတွင်း အဖျား တက်ရာမှ ရုတ်တရက်အဖျားကျ လာပြီး ခြေဖျားလက်ဖျားအေး စက်လာခြင်း၊ အန်စဉ် ကော်ဖီ ရောင်အညိုစက်ပါခြင်း၊ မှိန်းနေ ခြင်း (သို့မဟုတ်) ဂနာမငြိမ်ဖြစ် ခြင်း၊ ကတ္တရာစေးရောင်ဝမ်း အမည်းများသွားခြင်း စသည့် သွေးလန့်သည့် လက္ခဏာများ ဖြစ်ပေါ်လျှင် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့၍ ကုသမှုခံယူရမည် ဖြစ်ကြောင်း ဆရာဝန်များက တိုက်တွန်းသည်။

မွန်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ် ...

သွေးလွန်တုပ်ကွေး မဖြစ် ပွားစေရေး ရေစည်၊ ရေအိုးများကိုစနစ်တကျဖုံးအုပ်ရန်၊ ခြင်ဥ များကပ်တင်ကျန်နိုင်သော ဘု ရားပန်းအိုး၊ ရေအိုးများနှင့် ရေ လှောင်ကန်များ၏ အတွင်းနံရံ များကို တိုက်ချွတ်ဆေးကြောရန်၊ ရေတင်ကျန်နိုင်သော တာယာ၊ အိုးခြမ်းပဲ့များကို စနစ်တကျစွန့် ပစ်ရန်၊ ရေလဲလှယ်နိုင်သော ရေ စည်၊ ရေကန်များကို တစ်ပတ် လျှင်တစ်ကြိမ် ရေလဲလှယ်ရန်၊ မလှယ်မသွန်နိုင်သော ရေစည်နှင့် ရေအိုးများကို ပိုးလောက်လမ်း သေဆေး (အဘိတ်) ခတ်ရန်၊ အိမ်တွင်း၊ အိမ်ပြင် ခြင်ခိုအောင်း ပေါက်ဖွားနိုင်သောနေရာများသို့ တစ်ပတ်တစ်ကြိမ် ဖယ်ရှားရှင်း လင်းရန်၊ ခြင်ကိုက်မခံရစေရန် ခြင်ထောင်ဖြင့်အိပ်ရန် ကျန်းမာ ရေးဌာနက နှိုးဆော်ထားသည်။

Myanmar Online News: မြန်မာနိုင်ငံမှာ ၂၀၂၀ ...

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လ ၄ ရက်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃,၄၄၆ ဦးရှိပြီး ၂၇ ဦး သေဆုံးခဲ့သည်။ဖြစ်ပွားမှုအများဆုံး တိုင်း နှင့်ပြည်နယ်များမှာ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ မကွေးတိုင်း နှင့် မွန်ပြည်နယ်တို့ဖြစ်သည်။ စစ်ကိုင်းတိုင်းသည် အများဆုံး ဖြစ်ပြီး လက်ရှိတွင် ချင်းပြည်နယ် မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ် အားလုံးတွင် ဖြစ်ပွားနေသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်သော ...

သွေးလွန်တုပ်ကွေးရောဂါ သည် ပြီးခဲ့သည့် ၂၀၁၉ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် လူ နှစ်သောင်းခွဲခန့်ဖြစ်ပွားကာ ၁၂၃ ဦး သေဆုံးခဲ့သည်။