အဆိုတော်ယုန်လေး၏ MV ရိုက်ကူးမှု တာဝန်ရှိသူများ စိစစ်တော့မည်

‘‘ငါတို့အားလုံးရဲ့မြေ’’ Music Video ရိုက်ကူးရေးနှင့်ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးနှင့် ပူးပေါင်းပြီး စိစစ်မှုများပြုလုပ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ လိုက်နာရန်ပျက်ကွက်ပါက သက်ဆိုင်ရာဌာနများက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်ကပြောသည်။

‘‘အခုလောလောဆယ်က တော့ ဒီဗီဒီယိုကို ဘယ်အချိန်ကာ လက ဘယ်နေရာမှာ ဘယ်လိုပုံစံ ရိုက်ကူးခဲ့တယ်။ ဘယ်လိုရည် ရွယ်ချက်နဲ့ရိုက်ကူးခဲ့တယ်။ ဘယ် သူ့ခွင့်ပြုချက်တွေ ရယူခဲ့တယ်ဆို တာကို မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးနဲ့ စိစစ်ဆောင်ရွက်သွားမှာ ပါ’’ဟု ၎င်းကပြောသည်။

ငါတို့အားလုံးရဲ့မြေ Music Video ကို ဩဂုတ် ၄ရက်က Original Gangster ၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ တင်ခဲ့ခြင်း ဖြစ်ပြီး ပုံဖော်ရိုက်ကူးထားသည့် အကြောင်းအရာနှင့်ပတ်သက်၍ ဝေဖန်မှုများ ကျယ်လောင်ခဲ့ သည်။

ငါတို့ အားလုံးရဲ့မြေ ... (စည်းလုံး ...

ဝေဖန်မှုများကြောင့် စိစစ် ခြင်းမဟုတ်ဘဲ ရိုက်ကူးထုတ်လွှင့်မှု များနှင့်ပတ်သက်၍ လိုအပ်ပါက စိစစ်ဆောင်ရွက်မှု ပြုလုပ်လေ့ရှိ ကြောင်း ဦးအေးကြွယ်ကပြော သည်။

‘‘အဲဒါနဲ့ပတ်သက်ပြီး ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန ကနေထုတ်ပြန်တဲ့ လိုက်နာ ဆောင်ရွက်ရမယ့် အမိန့်ညွှန် ကြားချက်တွေရှိတယ်။ အဲဒီအမိန့် ညွှန်ကြားချက်တွေနဲ့ပတ်သက်ပြီး လိုက်နာရန်ပျက်ကွက်ရင် ကူး စက်ရောဂါများ ကာကွယ်နှိမ်နင်း ရေး ဥပဒေအရ အရေးယူဆောင် ရွက်သွားမယ်လို့ သက်ဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ထားတာရှိ တယ်၊ အဲဒီ့ဥပဒေအတိုင်းလိုက်နာမှုမရှိရင် အရေးယူဆောင်ရွက် ဖို့ဖြစ်ပါတယ်’’ဟု ဦးအေးကြွယ် က အရေးယူဆောင်ရွက်မှုနှင့်ပတ် သက်၍ ပြောသည်။

ယုန်လေးစီစဉ်တဲ့ “ငါတို့အားလုံးရဲ့ ...

COVID-19 ကြိုတင်ကာ ကွယ်ရေး လုပ်ငန်းစဉ်များနှင့်စပ် လျဉ်း၍ လူစုလူဝေးနှင့်ပွဲလမ်းသ ဘင်များမပြုလုပ်ရန်နှင့် လူငါးဦး ထက်ပိုမိုစုဝေးခြင်းမပြုရန် ကျန်း မာရေးနှင့် အားကစားဝန်ကြီး ဌာနက ဧပြီ ၁၆ရက်တွင်သတင်း ထုတ်ပြန်ထားသည်။

COVID-19 နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့က ထုတ်ပြန်ထား သည့်အမိန့်၊ ညွှန်ကြားချက်များ ကိုလိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများကာကွယ် နှိမ် နင်းရေးဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Myanmar Online News: အဆိုတော် ယုန်လေး ဖန်တီး ...

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးတာဝန်ရှိသူ များထံ 7Day Newsက ဆက် သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။‘ငါတို့အားလုံးရဲ့မြေ’ Music Video ရိုက်ကူးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ တင်ပြ ထားခြင်းမရှိသလို ဇာတ်လမ်း ဇာတ်ကွက်ဖြင့် ရိုက်ကူးထား သော်လည်း ရုပ်ရှင်ဆင်ဆာအဖွဲ့ သို့ တင်ပြထားခြင်းမရှိကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီ ညီထွန်းလွင်က ဧရာဝတီသတင်း ဌာနသို့ဖြေကြားထားသည်။

‘‘သူကပညာပေးလည်း မ ဟုတ်ဘူး။ အစည်းအရုံးအနေနဲ့ လည်း ဒီကိစ္စကို တစ်ခုခုဆောင် ရွက်သွားဖို့ရှိပါတယ်’’ဟု ဦးညီညီ ထွန်းလွင်ကဖြေကြားသည်။

ငါတို့အားလုံးရဲ့မြေ" သီချင်းနဲ့ ...

ယင်း Music Video ကို တေးရေး၊ တေးဆို၊ ဇာတ်လမ်း၊ ဒါရိုက်တာအဖြစ် ယုန်လေးက တာဝန်ယူ ရိုက်ကူးထားခြင်းဖြစ် ပြီး ယင်းဗီဒီယိုဖိုင်နှင့်ပတ်သက်၍ တစ်စုံတစ်ခုဖြစ်ပါက ၎င်းတစ်ဦး တည်းဖြင့်သာ သက်ဆိုင်ကြောင်း ယုန်လေးက ဗီဒီယိုဖိုင်၌ကြေညာ ထားသည်။

Music Video တွင် အ ဆိုတော်များပါဝင်သည့် ဇာတ်ဝင် ခန်းကို ဇူလိုင် ၂၀ရက်က တောင် ဥက္ကလာပမြို့နယ် ဝေဇယန္တာ လမ်းရှိ Transporter Bar ၌ ရိုက် ကူးခဲ့ခြင်းဖြစ်ပြီး ယင်းသီချင်းတွင် ပါဝင်သီဆိုထားသည့် အဆိုတော် အားလုံး ယင်းရိုက်ကွင်းတွင်ပါဝင် ခဲ့သည်။

ငါတို့ဦးညွှတ်တဲ့ အလံက ခြင်္သေ ...

ယင်း Music Video နှင့် ပတ်သက်၍ အဆိုတော်ဆောင်း ဦးလှိုင်ကလည်း ‘‘အခုသူတို့ Music Video မှာ လူပေါင်းများစွာ စုရိုက်ထားတာ သက်သေရှိနေပြီ ပဲ။ တရားစွဲပါ။ COVID လူမစုရ အမိန့်ကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး အများစိတ်ထိခိုက် နစ်နာစေအောင် ရိုက်ကူးလွှင့် ထုတ်ကြတာဖြစ်တယ်။ ဘုမသိ ဘမသိဝင်ပါခဲ့တဲ့လူတွေကို ဖယ် ပြီး ကျန်တဲ့တာဝန်ရှိသူအားလုံးကို တရားစွဲပါ’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ် ၌ရေးသားထားသည်။

ငါတို့အားလုံးရဲ့မြေ” သီချင်းမှာ ...

ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ်လမ်း တွဲများ ရိုက်ကူးခြင်းကို ဇူလိုင် ၂၇ ရက်တွင် ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက ပြန်လည်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ရိုက်ကူးရေးမပြု လုပ်မီ တစ်ပတ်ကြိုတင်၍ ရုပ်ရှင် အစည်းအရုံးနှင့် ရုပ်ရှင်မြှင့်တင် ရေးဌာနသို့ ခွင့်ပြုချက်တင်ရန် ညွှန်ကြားထားသည်။ 7 Days