ရုပ်ရှင်အစည်းအရုံးကို ယုန်လေးအတွက်တောင်းပန်ပေးဖို့ ဦးဆောင်ပြီးကြိုးစားနေတဲ့ မြင့်မြတ်

အဆိုတော်ယုန်လေးရဲ့ ငါတို့အားလုံးရဲ့မြေ သီချင်းနဲ့ပတ်သက်ပြီး ဂယက်ရိုက်နေကြတာကိုတော့ ပရိသတ်ကြီးမြင်တွေ့ကြမှာပါနော်။

Image may contain: 5 people, people standing

သီချင်းနှင့်ပတ်သက်ပြီး ဝေဖန်မှုတွေမရှိပေမယ့် MV သရုပ်ဆောင်ချက်တွေ အပေါ်မှာ ဝေဖန်မှုတွေများစွာရှိနေတာကြောင့် အဆိုတော်ယုန်လေးကိုယ်တိုင် သူ့ဖေ့ဘုတ်ကနေပြီး စာနှင့်တစ်မျိုး Live လွှင့်ပြီးတစ်မျိုး ပရိသတ်ကြီးနှင့် အနုပညာရှင်တွေကို တောင်းပန်ခဲ့တာဖြစ်ပါတယ်။

Image may contain: 4 people, text

ပြန်ကြားရေးဝန်ကြီးဌာနကလည်း ဒီသီချင်း MV ရိုက်ကူးမှုနှင့်ပတ်သက်ပြီး ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာမှုရှိ/မရှိ စိစစ်သွားမယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း သရုပ်ဆောင် မြင့်မြတ်ဦးဆောင်ပြီး OG Crew တွေပါဝင်တဲ့အဖွဲ့ဟာ ယုန်လေးအတွက် ရုပ်ရှင်အစည်းအရုံးမှာ တောင်းပန်ပေးဖို့ ရောက်ရှိနေပြီလို့ ယုန်လေးက သူ့ရဲ့ဖေ့ဘုတ်အကောင့်ကနေ ဖော်ပြလာပါတယ်။

Image may contain: 1 person, sitting, drink and indoor

“တော်တော်များများ အဆင်းဘီးတက်ပေးတဲ့ အချိန်မှာ မိတ်ဆွေ စစ် . အတု သိခွင့်ရလိမ့်ပါတယ် .ကိုအယ်ကြီး နှင့် ပါဝင်သူညီ ညီမငယ် အစ်ကို . အစ်မ . အမေမွှေး ဝိုင်းအားပေးသလို . မနေ့က ညနေ့က ည အထိ ကျွန်တော် အချစ်ဆုံးကောင် မြင့်မြတ် . ပြီးတော့ ကိုခင်လိုင် . ထူးခြား . Kညီ .အတူရှိပေးကျတယ် . နှစ်သိမ့်ပေးကျတယ် .”

Image may contain: 1 person, car and outdoor, text that says 'YGN 4C 4C-7799 99'

“သူရူတင် နောက်ကျရင် နောက်ကျနိုင်တယ် .ရုပ်ရှင် အစည်းရုံးကို ကျွန်တော့် အတွက် တောင်းပန်ဖို့ ဆိုပြီး အခု မနက်အစောကြီး ထ ပြီး ကျွန်တော် ထက် ဦးအောင် . မြင့်မြတ် ဦးဆောင်ပြီး OG Crew အကုန်ရောက်နေကျတယ် . ဒီလို မိသားစုတွေ ရှိတာကိုက အားအရမ်းရှိပါတယ် . Messenger ကေနေရာ . Ph နဲ့ ရော အားပေးတဲ့ အယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူး မမေ့ပါဘူး. ဘယ်လို စိတ်ခံစားမူ့ မျိုးကြုံမလဲ ဆိုတာ ခံစားဖူးတဲ့သူ . မိဘမရှိတဲ့ လူတိုင်း ဒီ သိမ်ငယ်အားငယ်စိတ်ကိုသိမှာပါ . မွေးထဲက မိဘနှစ်ပါး လုံးဆုံးတာပါ . ဘယ်ရဲမူးကြီးသား မှ မဟုတ်ပါဘူး ခင်များ . ဘာဖြစ်ဖြစ် ကျွန်တော် တစ်ယောက်ထဲပဲ ခံယူပါရစေ. ပါဝင်ပေးသူ များ တစ်ယောက်နှင့်မှ မဆိုင်ပါ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏”

Image may contain: 2 people

ယုန်လေးကတော့ ဒီလိုအခြေအနေဖြစ်ပေါ်ခဲ့တဲ့အချိန်မှာ သူ့အတွက် မိတ်ဆွေ အစစ်အမှန်တွေကို သိခွင့်ရခဲ့တယ်လို့ဆိုပါတယ်။ သူ့ကို အားပေးနှစ်သိမ့်ပေးတဲ့ အယောက်စီတိုင်းကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါသေးတယ်။

Image may contain: 2 people, selfie and closeup

ဝီလက်ဖ်ဆယ်လီ