တပ်မတော်အဆင့်မြင့်အရာရှိများထဲမှ အငြိမ်းစားယူ ရွေးကောက်ပွဲဝင်သူတစ်ဦးမျှမရှိဟု ပြောရေးဆိုခွင့်ရှိသူပြော

တပ်မတော်မှ အငြိမ်းစားယူပြီး လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အဆင့်မြင့်အရာရှိတစ်ဦးမျှ မရှိကြောင်း တပ်မတော်ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ဓာတုလက်နက် ပိုင်ဆိုင်ဖို့ ရည်ရွယ် ...

၂၀၁၅ ရွေးကောက်ပွဲတွင် တပ်မတော်မှ အဆင့်မြင့်အရာရှိ အများအပြား အငြိမ်းစားယူပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုရွေး ကောက်ပွဲဝင်ပြိုင်ခဲ့သည်။ ယခုနှစ်တွင် ယင်းသို့ အငြိမ်းစားယူပြီး ရွေးကောက်ပွဲဝင်ပြိုင်မည့် တပ်မတော်အရာရှိများ ရှိ၊ မရှိ မေးမြန်းရာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားသည်။

‘‘တပ်မတော်က အဆင့်မြင့်အရာရှိကြီးများအနေနဲ့ သွားရောက်ပြီး ဝင်ရောက်ယှဉ်ပြိုင်မှုမရှိဘူးဆိုတာ ပြောပြီးသားပါ။ ဒါကလည်း တပ်မတော်အနေနဲ့က ကျွန်တော်တို့ဦးတည်နေတာသည် အမျိုးသားနိုင်ငံရေးကို ဦး တည်နေတာဖြစ်တယ်။ အမျိုး သားနိုင်ငံရေးဖြစ်တဲ့ တို့တာဝန် အရေးသုံးပါးကို ဦးတည်ပြီး ဆောင်ရွက်နေတာဖြစ်တယ်’’ ဟု ၎င်းက ဆိုသည်။

အမြစ်ပြတ်ချေမှုန်းရန်ကြွေးကြော် ...

၂၀၁၅ ရွေးကောက်ပွဲ၌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက် ဆွေ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ် ချုပ်ကြီးလှဌေးဝင်းနှင့် ကာကွယ် ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်အပါအဝင် တပ်မတော် ထိပ်တန်းအရာရှိ ၅၉ ဦးသည် ရွေးကောက်ပွဲဝင်ပြိုင်ရန် တပ်မ တော်မှ အငြိမ်းစားယူခဲ့သည်။

ထိုသို့ အငြိမ်းစားယူပြီးပါတီ နိုင်ငံရေးလုပ်ဆောင်ခွင့်ရှိသော် လည်း တပ်မတော်သား မိသားစု ဝင်ဖြစ်ပါက လုပ်ဆောင်၍ မရ ကြောင်း ပြည်သူ့ရှေ့ဆောင် ပါတီ(PPP)မှ ရွေးကောက်ပွဲဝင် ပြိုင်မည့် တပ်မတော်အငြိမ်းစား ဗိုလ်ကြီး ဒေါ်အေမီဇင်ဝင်းကို ဥပမာပေးပြောကြားသည်။ ဒေါ် အေမီဇင်ဝင်းသည် PPP ကိုယ် စားပြုဝင်ပြိုင်ရန် စီစဉ်ထားပြီးမှ ကိုယ်စားလှယ်လောင်း လျှောက် လွှာ ပြန်လည်ရုပ်သိမ်းခဲ့ရသူဖြစ် သည်။

ဂူတာပြင်အစုလိုက်အပြုံလိုက်သတ်ဖြတ် ...

‘‘သူ (အငြိမ်းစားဗိုလ်ကြီး ဒေါ်အေမီဇင်ဝင်း)အငြိမ်းစားယူ ပြီး လုပ်လို့ရတယ်။ သို့သော် သူ့ အမျိုးသားသည် အခုလက်ရှိ တပ် မတော်မှာ တာဝန်ထမ်းဆောင်နေ တဲ့ စစ်မှုထမ်းဖြစ်တယ်။ စစ်မှု ထမ်းဖြစ်တဲ့အတွက် တပ်ထဲမှာပဲ နေနေတာပဲ။ အဲဒီလို နေနေလျက် သားနဲ့၊ သူ့ယောက်ျားက စစ်မှု ထမ်းနေဆဲဖြစ်လျက်သားနဲ့ လုပ် လို့မရဘူး။ သူက မိသားစုဝင် မဟုတ်တော့ဘူး။ သူ့ယောက်ျား လည်း အငြိမ်းစားယူပြီးဆိုရင် ဒါက ကျွန်တော်တို့အနေနဲ့ ဒါဘာ မှ ပြောစရာ အကြောင်းမရှိဘူး’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင် များပါတီနိုင်ငံရေးနှင့်ပတ်သက်၍ မရကြောင်း ၂၀၁၄ ကတည်းက စည်းမျဉ်းစည်းကမ်းထုတ်ပြန် ထားသည်ဟု ၎င်းက ဆိုသည်။

အင်န်အယ်လ်ဒီလွှတ်တော်အမတ်ကို ...

‘‘ယခင်ကတည်းကတိုင် တပ်မတော်ထဲမှာ နိုင်ငံရေးအယူ ဝါဒကွဲပြားမှုကြောင့် တောခိုသွား တဲ့ တပ်ရင်းတပ်ဖွဲ့တွေရှိခဲ့ဖူး တယ်။ ဒါတွေကြောင့်မို့ ကျွန် တော်တို့သည် ယခင်ကတည်းက တိုင် သတ်မှတ်ခဲ့တဲ့ စည်းမျဉ်းဖြစ် ပါတယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။

၂၀၁၈ ခုနှစ်ကလည်းပခုက္ကူ ရှိ တပ်ရင်းတစ်ရင်းမှ စစ်သည် တစ်ဦး၏သားသည် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်ဖြစ်နေ၍ အိမ် ထောင်သည်လိုင်းစည်းကမ်းအရ မလုပ်ရန် ပြောဆိုခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် တပ်တွင်း ၌ နေထိုင်ခြင်းမပြုရန် တားမြစ်ခဲ့ ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။