လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ဒုတိယအကြိမ်အဖြစ် ကြယ်လိပ်ရင်ချင်းဆက်အမွှာပေါက်ဖွား
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ပုဂံမြို့သစ်ရှိလောကနန္ဒာဘေးမဲ့တောဥယျာဉ် တွင် ဒုတိယအကြိမ် အဖြစ်ကြယ်လိပ်ရင်ချင်းဆက်အမွှာပေါက်ဖွားခဲ့ကြောင်းလောကနန္ဒာဘေးမဲ့တောဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြည်မြန်မာကို ပြောသည်။
ကြယ်လိပ်ဥ ၃၂၀၅ လုံးအနက်မှ သဘာဝအတိုင်းထွက်လာခြင်းမရှိသောဥများကို တူးဖော်ကာ ရရှိ သောဥ ကောင်းဥသန့်များကိုမြေကြီးထည့်ထားသည့်သေတ္တာအတွင်း ပြန်မြှပ်ပြီး ဥများကိုနေ့စဉ်ပုံမှန်စစ်ဆေးခဲ့ရာ ၄င်းတို့ထဲမှဥတစ်လုံး တွင် သန္ဓေသားအောင်ပြီး ဥခွံကို ခွဲ၍ ဖောက်ထွက်နေသော ကြယ်လိပ်အမွှာ ပူးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ကြယ်လိပ်အမွာကို လော ကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးမှ ခွဲစိတ်ခြင်းမပြုလုပ်ဘဲ ချက် ကိုဆေးထည့်၍ ကျက်စေ သောနည်းဖြင့် စနစ်တကျပြုစု စောင့်ရှောက်ခဲ့ရာ သုံးရက်အကြာတွင်ရင်ခြင်း ဆက် ကြယ်လိပ်အမွှာကို အသက်စေဆုံးခြင်းမရှိစေပဲ သီးခြားစီဖြစ်သွားအောင် ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်းသိရသည်။
ကြယ်လိပ်ရင်ချင်းဆက်အမွှာသည် ကျောခွံအလျား ၄ စင်တီမီတာခန့်နှင့်အ လေးချိန် ၂၀ ဂရမ်ခန့်စီရှိ ကြောင်းသိရသည်။
ပြည်မြန်မာ