သားအတွက် ဖခင်ဖန်တီးပေးတဲ့ကျောပိုးအိတ်

ကမ္ဘောဒီးယားက NY Keng ဆိုတဲ့ ငါးနှစ်သား ကလေးတစ်ယောက် ကျောင်းစတက်တော့ လွယ်အိတ်လိုတယ်။ သူလည်း သူများတွေလို ကျောပိုးအိတ်လွယ်ချင်တယ်။ ဖခင်က လယ်လုပ်သားတစ်ယောက်ဖြစ်တော့ ကျောင်းတောင် မနည်းထားရတယ်။

အဲဒီမှာ ပုံမှန်ကျောပိုးအတ်တစ်လုံးရဲ့ တန်ဖိုးက ကမ္ဘောဒီးယားငွေ ၃သောင်း (၇ဒေါ်လာ) လောက်ရှိနေတော့ ဖခင်က မ၀ယ်ပေးနိုင်ဘူး။ နောက်တော့ အကြံတစ်ခုရသွားပြီး ပလတ်စတစ်ကြိုး နဲ့ ကျောပိုးအိတ်ကို သားဖြစ်သူ အတွက် မရမကဖန်တီးပေးလိုက်တယ်။

ဒီကျောပိုးအိတ်နဲ့ ကျောင်းတက်တော့ တစ်ကျောင်းလုံး တအံတသြနဲ့ ၀ိုင်းကြည့်ကြတယ်။ ဆရာမဖြစ်သူက အဲဒါကို online ပေါ်တင်လိုက်တော့ ဖခင်ဖြစ်သူရဲ့ ဖန်တီးမှုကို ချီးကျူးကြတယ်။ အခုဆိုရင်တော့ စိတ်ဝင်စားတဲ့သူအချို့ဟာ အဲဒီလိုအိတ်မျိုး သူတို့လည်းလိုချင်တယ်၊ သူတို့ကိုလည်း ပြန်ရောင်းပေးဖို့ မှာနေကြပြီ ဖြစ်တယ်။

Photos : Bored Panda