စပိန်နိုင်ငံမြောက်ပိုင်းတွင် ရှားပါးမီးဆင်နှာမောင်းဖြစ်ပေါ်ခဲ့

စပိန်နိုင်ငံမြောက်ပိုင်းမှာ မီးသတ်သမားတွေက တောမီးလောင်ကျွမ်းမှုတစ်ခုကိုထိန်းချုပ်ဖို့ကြိုးစားနေရင်း ရှားပါးမီးလေဆင်နှာမောင်းတစ်ခုကို မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။အသက် ၃၇ နှစ်အရွယ် မီးသတ်သမား Leonardo Barreiro Lopez က မီးလေဆင်နှာမောင်းကို ဗီဒီယိုရိုက်ကူးထားနိုင်ခဲ့ပြီး သူ့ရဲ့လုပ်သက် ၁၀ နှစ်အတွင်းမှာ ပထမဆုံးမြင်ဖူးတာပဲလို့ ဆိုခဲ့ပါတယ်။

Image may contain: sky

စပိန်နိုင်ငံ Galicia ဒေသမှာဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကို ကိုးနာရီအကြာမှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး မြေ ၁၂၃၆ ဧက လောင်ကျွမ်းခံခဲ့ရပါတယ်။မီးလေဆင်နှာမောင်းဟာ အပူချိန်မြင့်မားပြီး လေထန်တဲ့အခြေအနေနှစ်ခုပေါင်းစပ်တဲ့အခါ ဖြစ်ပေါ်လာတဲ့လေပွေတစ်မျိုးဖြစ်ပါတယ်။

Image may contain: cloud, sky and outdoor

Natural Park Baixa Limia –Serra do Xures သစ်တောဧရိယာမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက တောမီးတွေတစ်ခုပြီးတစ်ခုလောင်ကျွမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။

Image may contain: cloud, sky, mountain, outdoor and nature