ထက်ထက်မိုးဦးရဲ့ဖခင်ဖြစ်သူ ဆုံးပါးသွားတဲ့အကြောင်းလေးကို စိတ်မကောင်းစွာနဲ့ ရေးသားပြောပြလာတဲ့ မျိုးမင်းစိုး

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်ပြန်လည်လုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိနေဆဲဖြစ်ပါတယ်။ထက်ထက်မိုးဦးက ဟိုးအရင်တုန်းကအတိုင်းလှပနုပျိုနေဆဲဖြစ်လို့ ပရိသတ်တွေကတော့ သူမရဲ့အလှအပတွေကို ချီးကျူးနေကြတာဖြစ်ပါတယ်။ထက်ထက်က လတ်တလောမှာဆိုရင် ဆေးရုံတက်နေရတဲ့ ဖခင်ဖြစ်သူကို ဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

ဒီဇိုင်နာမျိုးမင်းစိုးကလည်း ထက်ထက်မိုးဦးနဲ့ အရမ်းခင်မင်ရင်းနှီးပြီး ထက်ထက်ရဲ့အဖေ ဆေးရုံတက်နေစဉ်က သတင်းသွားရောက်မေးခဲ့ပါတယ်နော်။အခုဆိုရင်တော့ ထက်ထက်ရဲ့ ဖခင်ဖြစ်သူ ဆုံးပါးသွားတဲ့အကြောင်းလေးကို မျိုးမင်းစိုးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ချစ်ရတဲ့ပရိသတ်ကြီးအတွက် မျှဝေပေးလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကလည်း ထက်ထက်မိုးဦးနဲ့ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲနေကြတာဖြစ်ပါတယ်နော်။

ထက်ထက်က ဖခင်ဖြစ်သူ သက်ရှိထင်ရှားရှိနေစဉ်အချိန်တုန်းက ဖေဖေ့ရဲ့ဘေးနားမှာ တစ်ချိန်လုံးနေပြီး သေချာဂရုစိုက်ပေးတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင် သူမရဲ့ဖခင်က ဘဝတစ်ပါးသို့ပြောင်းရွေ့သွားတာဖြစ်လို့ ပရိသတ်တွေချစ်ရတဲ့ ထက်ထက်လည်း ဝမ်းနည်းကြေကွဲနေတာဖြစ်ပါတယ်။

ထက်ထက်ကိုချစ်ကြတဲ့ ပရိသတ်ကြီးလည်း သူမအဖေရဲ့စိတ်မကောင်းစရာသတင်းလေးကို သိရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။