မြန်မာအမျိုးသမီးအလုပ်သမားတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား

ယနေ့ နံနက် ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်ရှိ စားသောက်ဆိုင် စားသောက်ဆိုင်တစ်ခုတွင် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦးအား ကမ္ဘောဒီးယားအလုပ်သမားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သတင်းရရှိပါသည်။ စားသောက်ဆိုင် မီးဖိုခန်းတွင် မြန်မာအမျိုးသမီးဖြစ်သူက ပြန်လည်ခုခံသဖြင့် အရှက်နှင့်သိက္ခာကို ကွယ်နိုင်ခဲ့သည်။

ကြံစည်မှုမအောင်မြင်ဘဲ ထွက်ပြေးသွားသော တရားခံကမ္ဘောဒီးယားနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။ မုဒိန်းပြုကျင့်ရန် ကြံစည်သူကို ရဲဝံ့စွာပြန်လည်ခုခံခဲ့သော မြန်မာအမျိုးသမီးကို ထိုင်းနိုင်ငံသားများက ချီးကျူးနေကြသည်။

Ref – ကိုရဲမင်း(AAC မဟာမိတ်အဖွဲ့ ထိုင်းအခြေစိုက် )
Photo – Thailand One News