မိုးသည်းထန်စွာရွာသွန်းပြီး ပြည်စုတ်ချောင်းငယ်ရေလျံ၍ အိမ် ခြေ ၅၀ ကျော်ရေများဝင်ရောက်နေ

ပဲခူးတိုင်းဒေသကြီး ၊ ရေတာရှည်မြို့နယ်တွင် သြဂုတ် ၃၀ ရက်နေ့ ညနေပိုင်းမှ ညပိုင်းအထိ ၈ နာရီကြာ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တောင်ကျရေများကြောင့် ယနေ့ နံနက်ပိုင်းတွင် ကွင်းကြီးကျေးရွာအုပ်စု နှင့် သပြေတန်းကျေးရွာအုပ်စု အကြား အနောက်မှအရှေ့သို့ စီးဆင်းသော ပြီစုတ်ချောင်းငယ် ရေလျံကာ ရန်ကုန်-မန္တလေး ကားလမ်းအနောက်ဘက်ခြမ်း သပြေတန်းကျေးရွာအတွင်း ရေအမြင့် ၂ ပေ မှ ၃ ပေ အထိ ဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၅၀ ကျော် ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

Image may contain: house, outdoor and nature

“မနေ့ကမိုးရွာတာ အတော့်ကိုများတယ် အရင်ရက်ကရွာတဲ့မိုးကြောင့် ကားလမ်းဘက်ခြမ်းအိမ်တွေထဲ ရေတက် နေတာ ည ၁၁ နာရီလောက်ကတည်းက တောက်လျောက်တက်လာတော့တာပဲ” ဟု သပြေတန်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။ ရန်ကုန်-မန္တလေး ကားလမ်း တိုးချဲ့ သည့်အခါ ကျေးရွာနှင့် ကားလမ်းအကြား ရေမြောင်းကျဉ်း မြောင်းသွားခဲ့ခြင်းဖြစ်ပြီး အထက်ပိုင်းက ဝင်ရောက်လာ သော ရေစီးနှုန်းနှင့် ရေထွက်အားမမျှတရာက နှစ်စဉ်လိုလို မိုးရာသီကာလရောက်တိုင်း ယခုလိုကြုံတွေ့ကြရခြင်း ဖြစ်ကြောင်းသိရသည်။

Image may contain: outdoor, nature and water

ရေလျံမှုဖြစ်ပွားလျက်သော သပြေတန်းရွာသို့ သက်ဆိုင်ရာ တာဝန် ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး အောက်ဖက်ပိုင်းရှိ ရေထွက်မြောင်း များ ရေပြည့်လျံနေ့ခြင်းကြောင့် ယခု မွန်းလွဲပိုင်းအချိန်ထိ ရေများ ဆက်လက်ဝင်ရောက်လျက်ရှိကာ ညနေပိုင်း မိုးဆက်လက်ရွာသွန်း ပါက ရေဝင်လျက်ရှိသော မိသားစုများအနေဖြင့် ဆွေမျိုးသားချင်း နေအိမ်များတွင် ခေတ္တပြောင်းရွှေ့နေထိုင်ရဖွယ်ရှိနေကြောင်း သုံးသပ် ပြောကြားမှုများရှိနေသည်။

Image may contain: outdoor, nature and water

Credit