ရောဂါအခံရှိသည့် စစ်တွေဆေးရုံမှ ပိုးတွေ့လူနာသုံးဦး ရောဂါလက္ခဏာ ပြင်းထန်လာ

ရောဂါအခံရှိသော စစ်တွေဆေးရုံမှ ပိုးတွေ့လူနာသုံးဦး တွင် ရောဂါလက္ခဏာပြင်းထန်လာသည့် အခြေအနေတွေ့လာရ ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက် ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

စစ်တွေမြို့က လူပေါင်း ၁၀၀၀ ခန့်ကို ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ သွေးနမူနာယူစစ်မယ် - BBC News မြန်မာ

အဆိုပါလူနာသုံးဦးသည် အသက်(၆၀) ကျော်အရွယ်များ ဖြစ်ပြီး သွေးတိုး၊ ဆီးချိုနှင့် နှလုံး ရောဂါအခံရှိသူများဖြစ်သည်ဟု ၎င်းက ဆိုသည်။ ‘‘အခုဆိုရင် ရောဂါပိုးဟာ ပထမပိုင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့အခြေအနေဟာ မဆိုး ရွားဘူးဆိုပေမယ့် အခုဆိုရင် သုံး ယောက်ရှိလာပြီ။ သူတို့ဟာ အောက်ဆီဂျင်တွေကျလာတယ်’’ ဟု ဒေါက်တာခင်ခင်ကြီးက ပြော သည်။ လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အ တွင်း ပိုးတွေ့လူနာ ၁၈၃ ဦးရှိပြီး ၃၉ ဦးသည် သူနာပြုသင်တန်း ကျောင်း၌လည်းကောင်း၊ လူနာ ၁၄၄ ဦးကို စစ်တွေဆေးရုံကြီး၌ လည်းကောင်း ကုသပေးနေ ကြောင်း ဆေးရုံအုပ်ကြီးဒေါက် တာဇော်လွင်က အတည်ပြုသည်။

စစ်တွေဆေးရုံက ကျန်းမာရေးဝန်ထမ်း ၅ ဦးမှာဗိုင်းရပ်စ် ပိုးထပ်တွေ့၊ကူးစက် ခံရသူ စစ်တွေက ကျန်းမာရေးဝန်ထမ်း၁၇ဦး အထိရှိလာ - BBC News မြန်မာ

‘‘ရောဂါပြင်းထန်တယ်ဆို တာက ဒီလိုပါ။ သူတို့က ရောဂါ အခံရှိထားတဲ့သူတွေဖြစ်တဲ့အ တွက် သူတို့ကို ပိုပြီး ဂရုစိုက်ပေး ရတဲ့ အနေအထားဖြစ်ပါတယ်။ သူတို့ကို အသက်ရှူစက်တွေ၊ဘာ တွေ တင်ရတဲ့အနေအထားတော့ မဟုတ်သေးဘူး’’ဟု ၎င်းက ပြော သည်။

ဆဲဗင်းဒေး