ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်အား Stay at Home အစီအစဉ်ချမှတ်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်အား Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ယနေ့ (စက်တင်ဘာ ၁ ရက်) ညပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာခဲ့သည်။ COVID-19 ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်အတွင်းနေထိုင်ရန် လိုအပ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်ကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုသို့ Stay at Home ကြေညာလိုက်သည့်မြို့နယ် ခုနစ်မြို့နယ်မှာ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံ မြို့နယ်တို့ဖြစ်သည်။

Image may contain: text that says '(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ (ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊ (င) တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဥ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဥ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ (စ) ရပ်ကွက်အတွင်း စျေးဝယ်ခြင်းအတွက် ယာဥ်မောင်းအပြင် ယာဥ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဥ်မောင်းအပြင် ယာဥ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်။ ၄။ အပိုဒ် အပိုဒ်ခွဲ(ခ)၊ နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက် ခွင့်မပြုရန် ဖြစ်သည်။ ၅။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။ ဤအမိန့်သည် ၂-၉-၂၀၂၀ရက်၊ နံနက်၈ နာရီအချိန်မှ စတင်သက်ရောက်သည်။ (ဒေါက်တာမြင့်ထွေး) ပြည်ထောင်စုဝန်ကြီး'

အဆိုပါမြို့နယ် ခုနစ်မြို့နယ်ရှိ Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများအနေဖြင့် လိုက်နာရန် စည်းကမ်းချက်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အလဲဗင်း