မွေးနေ့မှာ သာသနာ့ဘောင်ထဲသို့ ထပ်မံဝင်ရောက်သွားပြီဖြစ်တဲ့ နန်းစန္ဒာလှထွန်း

“ရေဝတီ” ဆိုပြီး ပရိသတ်တွေက အားပေးခဲ့ကြတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းက ဇာတ်လမ်းတွဲတွေကို ရိုက်ကူးရင်း အောင်မြင်မှု ရရှိခဲ့သူလေး ဖြစ်ပါတယ်။ “ရေဝတီ”၊ “သက်သက်”၊ “ဟန်နီ” စတဲ့ ဇာတ်ကောင်တွေက သူမကို ပရိသတ်တွေ အားပေးခြင်းကို တစ်ခဲနက်ခံခဲ့ရတဲ့ ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ရရှိလာတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မင်းသမီးလေး နန်းစန္ဒာလှထွန်းက ဇွန်လ(၂၂) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့လေးကို ကုသိုလ်ကောင်းမှူတွေ ပြုလုပ်ရင်း ဖြတ်သန်းခဲ့ပါတယ်။ နန်းစန္ဒာလှထွန်းက သူမရဲ့ မွေးနေ့လေးမှာ လှိုင်သာယာမြို့နယ်မှာရှိတဲ့ သစ်တံခါးဆရာတော်ဘုရားကြီးကျောင်းတိုက်မှာ သီလရှင်ထပ်ဝတ်ခဲ့တာပဲ ဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းက သူမရဲ့ မွေးနေ့အမှတ်တရလေးအကြောင်းကို “ဒီနှစ်မွေးနေ့လေးတော့ ကုသိုလ်ကောင်းမူလေးတွေပဲ လုပ်ဖြစ်တယ် ☺️? … ဆရာတော်ဆီမှာ အဓိဠာန်ထားတဲ့အတိုင်း သစ်တံခါးကျောင်းမှာ ဆရာလေးထပ်ဝတ်ဖြစ်တယ် … ??? ၇ရက်သားသမီးများအားလုံး အတွက်လည်း ဆုတောင်းမေတ္တာပို့ပေးခဲ့တယ် ?” ဆိုပြီး ပြောထားပါတယ်။

နန်းစန္ဒာလှထွန်းက ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်တွင်းတုန်းကလည်း သီလရှင်ဝတ်ခဲ့သေးတာဖြစ်ပြီး ဒီလပိုင်းအတွင်းမှာတင် သီလရှင်အဖြစ် (၂) ခါတိတိ ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းရဲ့ ဘွဲ့အမည်ကတော့ ဆရာလေး စရဏ နန္ဒီ လို့ ဘွဲ့အမည်ရပြီး အဓိပ္ပါယ်ကတော့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားကို နှစ်သက်တာလို့ အဓိပ္ပာယ်ရတယ်လို့ သိရပါတယ်။

နန်းစန္ဒာလှထွန်းကတော့ နာမည်ရနေတဲ့ မင်းသမီးငယ်လေးတစ်ဦးဖြစ်ပေမယ့် အလှအပကို ပဓာနမထားပဲ ကုသိုလ်ရေးကိုသာ အာရုံစိုက်တာ တကယ်ကို တော်တာပဲနော်။ နန်းစန္ဒာလှထွန်းတစ်ယောက် အခုကျရောက်တဲ့ မွေးနေ့ကနေစပြီး ဒီထက်မက အောင်မြင်တိုးတက်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit- momolay