ဦးကျော်ဟိန်း က သူအကြိုက်ဆုံးမင်းသားပါ ဆိုတဲ့ ဟဲလေး

အသံချိုချိုလေးနဲ့ သူ့ရဲ့သီချင်းလေးတွေနဲ့ပရိသတ်တွေရင်ထဲရောက်အောင် သီဆိုနိုင်တဲ့ အဆိုတော်ဟဲလေးဟာဆိုရင် ပရိသတ်လက်ခံအားပေးခြင်းခံထားရတဲ့ အဆိုတော်တစ်ဦးပါ။ ဟဲလေးရဲ့ မှည့် စမူဆာ စတဲ့ သီချင်းလေးကလည်း ပရိသတ်တွေ ကြားမှာ နာမည် ကြီးခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ဟဲလေးက သူ့ရဲ့ အကြိုက်ဆုံးမင်းသား ကြီးအကယ်ဒမီ ကျော်ဟိန်း နဲ့ ပတ်သက်ပြီးပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဟဲလေးက သူ့ရဲ့ အကြိုက်ဆုံးမင်းသားက အကယ်ဒမီကျော်ဟိန်းပါလို့ပြောထားပါတယ်။ အကယ်ဒမီများရှင် ဦးကျော်ဟိန်း ဟာဆိုရင်ငါးထပ်ကွမ်း အကယ်ဒမီ ကျော်ဟိန်းဆိုပြီး 1979- အကာကအချစ် အနှစ်ကမေတ္တာ(ဇာတ်ဆောင်) 1982- မွန်းတည့်ချိန်တွင် နေဝင်သည်(ဇာတ်ဆောင်) 1989- ပန်းမြိုင်လယ်က ဥယျာဉ်မှုး(ဇာတ်ဆောင်)1994- ဝေလည်းမွှေး ကြွေလည်းမွှေး(ဇာတ်ပို့) 2003- နေကမွေးတဲ့လ (ဇာတ်ဆောင်)စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရရှိခဲ့သူပါ။

ဦးကျော်ဟိန်းက “၂၀ဝ၈-ခုနှစ်၊ နိုဝင်ဘာ (၄) ရက်နေ့မှ စပြီးရုပ်ရှင်လောကမှ အနားယူကာ ရဟန်း ဝတ်ခဲ့ပြီး ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်ပါတယ်။ဦးကျော်ဟိန်း ရဟန်း မဝတ်ခင်ကလည်း ကျော်ဟိန်းရဲ့ နောက်ဆုံး နှုတ် ဆက် ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့ပါသေးတယ်။ရဟန်းဝတ်ပြီး သာသနာ့ဘောင်မှာလည်း တရားပွဲများ ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ရှိခဲ့ပါတယ်။ဘုန်းကြီးဝတ် နဲ့လည်း စာပေများကို ကလောင် နာမည် ဦးကိတ္တိသာရ အမည်နဲ့(ခေတ္တ ၃၁ ဘုံ) ရေးသားခဲ့ပြီး။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကား မှာ ကြိုးတန်ပဲ ဖြစ်သည်။ဦးကျော်ဟန်းက ၁၉၆၇ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်ထိ (နှစ်ပေါင်း ၄၁ နှစ် အတွင်း) ရိုက်ကူးခဲ့သော ရုပ်ရှင် ကားပေါင်း ၂၂၂ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ ကား ဆိုခဲ့တဲ့ သီချင်းခွေပေါင်း ၁၄ ခွေ ကိုထုတ်ခဲ့တာပါ။

ဒီတစ်ခါမှာတော့ ဟဲလေးက ” အကြိုက်ဆုံးမင်းသားကြီးအကြောင်းပြောပါဆိုရင် ဦးကျော်ဟိန်းပဲ..ပါပဲ❣ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့အကြိုက်ဆုံးထဲက ရုပ်ရှင်ဗီဒီယိုတွေကိုမှတ်မိသလောက်ပြန်ရေးကြည့်မယ်

၁.ဒုက္ခကိုအရောင်ဆိုးထားတယ် ၂.အကြွေး ၃.ခွင့်လွှတ်ရင်တစ်ကပြန်စမယ် ၄.အနာဂတ်ဟင်းလင်းပြင် ၅.ဆင်ကန်းတောတိုး ၆.အကြွေး ၇.ပရှိုဂျုဆာနီတိုး ၈.ဝေလည်းမွှေးကြွေလည်းမွှေး ၉.စုန်ရေ ၁၀.ပန်းမြိုင်လယ်ကဥယဉ်မှူး ၁၁.လွမ်းနေမယ်မမ ၁၂.မိုက်ချက်ကတော့ကမ်းကုန်ပဲ ၁၃.ကျီးယောင်ဆောင်သောဒေါင်း ၁၄.အချစ်တစ်ပွဲစစ်ပွဲတစ်ရာ ၁၅.မွန်းတည့်ချိန်မှာနေဝင်သည် ၁၆.နုနုငယ်ငယ် ၁၇.ဘယ်ပန်းချီရေးလို့မမှိ. ၁၈.အဓိပ္ပါယ်ရှိသောလူ ၁၉.ကြိုးတန်း ၂၀.မော်ကင်းဥဒါန်း ၂၁.နေလကမွေးတဲ့လ

လတ်တစ်လောခေါင်းထဲပေါ်လာတဲ့ဇာတ်ကားတွေဘော်ဒါတို့ရော…ဦးကျော်ဟိန်းရိုက်ခဲ့ဖူးတဲ့ ဇာတ်ကားနာမည်လေးတွေမှတ်မိသလောက်Comment မှာပြန်ရေးကြည့်ပေးပါလား..တစ်စုတစ်စည်းတည်းသိမ်းထားချင်လို့??” ဆိုပြီးပြောထားပါတယ်။

ဟဲလေး က သူ့ရဲ့ အကြိုကိဆုံးမင်းသား ရဲ့ ဇာတ်ကားများကို သိမ်းထားချင်တာကြောင့် ပရိသတ်ကြီးတွေကလည်း ဦးကျော်ဟိန်း ရိုက်ခဲ့တဲ့ ဇာတ်ကားတွေကို သိရင်ပြောပြလိုက်ပါဦးနော်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit- momolay