Food Box နားမှာ မိသားစုလိုက်လာစောင့်နေပြီး ရှိသမျှစားစရာတွေကို ဆာလာအိတ်နဲ့ ထည့်ယူနေတဲ့ မိသားစု

ကိုယ်ကမန်းလေးကျုံး #foodbox မှာအမြဲလှူတဲ့အလှူရှင်ပါ ဒါပေမယ့် အာ့တာတွေရှိနေသမျှ နောက်ထက်ဘယ်တော့မှ မလှူတော့ပါဘူး အာ့နေ့က စိတ်တွေတို ဒေါသတွေထွက် အကုသိုလ်တွေများပီး ပြန်လာခဲ့ရပါတယ် ဘာလို့လဲဆိုတော့ ရေသန့်ဗူးရောင်းတာကိုဗန်းပြပီး ပုံထဲကလူတွေနဲ့ ကလေးတွေက လာလှူသမျှမုန့်တွေကို တယောက်ကို ၅ထုပ်စီလောက်လာလာယူပီး သူတို့ဖေမေတွေနားက ပီနံအိတ်တွေထဲကို သွားသွားပီးထည့်ပါတယ် ၆ယောက်လောက်က လာပြေးယူလိုက် သူတို့အိတ်တွေထဲကို သွားထည့်လိုက်နဲ့ တော်တော်ကိုစိတ်ပျက်စရာပါ …လှူတယ်ဆိုတာလဲအတိုင်းအတာတော့ရှိပါတယ် မိမိလှူတာကိုတပါးသူစားနေတာတွေ့ရင် ဘယ်အလှူရှင်မဆိုပီတိဖြစ်မှိမှာပါ အခုဆိုလိုတာကအယောက်၃၀စားရမဲ့စားစရာကို သူတို့တတွေအိပ်တွေနဲ့ထည့်နေတာကိုပြောတာပါ

တထိုင်တည်းကုန်အောင်စားနိုင်ရင်စားသွားနိုင်ပါတယ် အလှူ့ရှင်စေတနာပျက်အောင်တော့ အဖြစ်သင့်ဘူးလို့မြင်မိတယ် အခုပုံစံမြင်ရတာ ရေသာခို အချောင်လိုခြင်တဲ့ စရိုက်တွေက ဘယ်လိုပြင်မှ ပျောက်မှာလည်း ကိုယ့်ရဲ့အသိစိတ်ကလေးနဲ့ အတတ်နိုင်ဆုံးထိန်းကြနိုင်ပါစေ

ကိုယ်ဝယ်လာတဲ့ ပေါင်မုန့်အထုပ်၅၀လဲ တခြားဘယ်သူမှမရလိုက်ပါဘူး သူတို့ပီနံအိတ်ထဲပဲပါသွားပါတယ် အာ့လိုကြီးတနေကုန် ၇ရက်သားသမီး စားရအောင် လာလှူသမျှမုန့်တွေကို အောက်တန်းကျတဲ့စိတ်နဲ့ ပီနံအိတ်တွေ ကျန်ကျောင်းအိတ်တွေနဲ့ ထိုင်သိမ်းနေတာတော့ မကောင်းပါဘူးနော် #foodbox ကိုစတည်ထောင်တဲ့ ကိုဝမ်းတူး အကိုရေ ဒီလိုလာထားသမျှအကုန် ထိုင်သိမ်းနေတာကို ဘယ်လိုလုပ်မလဲစဉ်းစားပါဦးအကိုရေ

ညီမတော့တော်တော်စိတ်ပျက်သွားပီ သူတို့စီးပွားဖြစ်ဖို့အတွက်တော့ အာ့မှာမုန့်မထားတော့ပဲ လမ်းကမရှိတဲ့သူလေးတွေ အမှိုက်ပုံနားကကလေးတွေပဲ ကားနဲ့မုန့်လိုက်ပေးလိုက်တော့တယ်…အများသူငှါ လမ်းသွားလမ်းလာ အစာပြေစားဖို့. စေတနာ မောတ္တာ တွေနဲ့အပြည့် ကုသိုလ်ယူနေကြဒါ စိတ်စေတနာဖြူစဉ်တဲ့အလှူကို လောဘရမ္မက် တွေကြောင့် အရောင်မဆိုးကြပါနဲ့. ကိုယ်စားချင်သလောက်လေးယူပါ နောက်လုတွေလဲ ငါတို့လိုစာလောင်နေတဲ့သူစားဖို့ချန် အသိလေးနဲ့ ကုသိုလ်ရအောင်ယူကြ. စားကြစေချင်ပါတယ်

Food box အကြောင်းကို ဒီလိုလူတွေ နားလည်အောင် ဘယ်လိုရှင်းပြရတော့မလဲ. . .ကလေးတွေကို ဒီလိုအရွယ်ကထဲက မကောင်းတဲ့ အလေ့အကျင့်တွေ သင်ပေးသလိုဖြစ်နေပါပြီ. . .

credit: Original Uploader